မုံရွာမြို့ရှိ သုသာန်တစ်ခုတွင် လူသေအလောင်း(၅)လောင်းတွေ့ရှိ
NSS - ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သုသာန်တစ်ခုတွင် လူသေအလောင်း(၅)လောင်းကို ဧပြီလ ၉ရက်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အလောင်း(၅)လောင်းမှာ အမျိုးသားအလောင်းများဖြစ်ပြီး အဆိုပါနေ့ ညနေပိုင်းအချိန်တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းအနီးရှိ မြနန္ဒာသုသာန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်း(၅)လောင်းတွေ့တယ်လို့သိရပါတယ်။ အမျိုးသားအလောင်း(၅)လောင်းလို့သိရပြီးတော့ ရင်ခွဲရုံပို့တယ်လို့လည်းကြားမိတယ်။ ဘယ်အသင်းနဲ့ပို့တာလည်းတော့ ကျွန်တော်လည်းမသိခဲ့ရဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါအလောင်း(၅)လောင်းမှာ ဧပြီလ ၉ရက်၊ မွန်းလွဲ ၁နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့သော တပ်မတော်နှင့် PDFအဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးခဲ့သော PDF အဖွဲ့ဝင်(၅)ဦး၏ အလောင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ “မနေ့က နေ့လည် ၁နာရီခွဲ ၂နာရီဝန်းကျင်လောက်ကတော့ အဲဒီနားမှာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ပစ်ခတ်နေတဲ့ အသံတွေကြားရတယ်။ အဲလိုပစ်ကြရင်းနဲ့ဖြစ်တာလို့လည်း သိရတယ်။ သေဆုံးတာက PDF ဘက်ကလို့သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိအားတွေရှိနေပေမယ့် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်ပြီး ဘယ်သူမှတားဆီးလို့မရနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း