ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအတွက် ဆင်စာဘူဖေးကျွေးရန် အွန်လိုင်းမှတဆင့်လှူဒါန်းသူပိုမိုများပြား
စော (NSS) - ဧပြီ ၁၀
မြန်မာနိုင်ငံရှိ ထင်ရှားသော ပလင်းကမ်းသာယာဆင်စခန်းကို ကိုယ်တိုင်လာရောက် ဆင်စာကျွေးသူထက် အွန်လိုင်းမှတဆင့်လှူဒါန်းကာ ဆင်စာဘူဖေးကျွေးသူပိုမိုများပြားကြောင်း အဆိုပါစခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဆင်စခန်းတွင် အသက် (၅)နှစ်မှ (၃၃)နှစ်အရွယ်အတွင်းရှိ ဆင် (၆)ကောင်ရှိကာ အပန်းဖြေ အနားယူသူများအနေဖြင့် ဆင်စာကျွေးခြင်းနှင့် ဆင်စီးခြင်း အပါအဝင် အခြားသော အပန်းဖြေခြင်းများကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။
“ဆင် ၆ကောင် စလုံး ဆင်စာကျွေးလို့ရမယ်။ ကျွန်တော်တို့ ဆင်စခန်းမှာ ဆင်စာဘူဖေးကျွေးတဲ့ လူလည်း များပါတယ်။ ဆင်စာဘူဖေးကျွေးတဲ့လူအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဆင်စာဘူဖေးကျွေးတဲ့လူတွေကတော့ ကျွန်တော်တို့ဆီမှာ ကိုယ်တိုင်လာရောက်တဲ့လူထက် အွန်လိုင်းကတဆင့် ဆက်သွယ်ပြီးတော့ လှူဒါန်းတဲ့လူက ပိုများပါတယ်။ အဲဒါလည်း စီစဉ်ပေးပါတယ်။ ဆင်စီးမယ်ဆိုရင်လည်း နိုင်ငံသားတစ်ဦးကို ကျပ် ၅ထောင် သတ်မှတ်ထားပါတယ်။ နိုင်ငံခြားသားကတော့ ၁သောင်း သတ်မှတ်ထားပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ ဆင်စီးမယ်ဆိုရင် ပူပြင်းတဲ့ကာလ နေ့လည်ပိုင်းတော့နားပါတယ်။ မနက်ပိုင်းနဲ့ညနေပိုင်းတော့ ဆင်စီးဝန်ဆောင်မှုပေးပါတယ်။”ဟု ၎င်းက ပြောသည်။
ပလင်းကမ်းသာယာဆင်စခန်းတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးရန် နေရာများ ၊ ဧရာဝတီမြစ်ကမ်းဘေး၌ ထန်းရွက်ဖြင့် ပြုလုပ်ထားသော လုံးချင်းတဲများ၊ ဆင်ပြတိုက်နှင့် ကလေးများအတွက် ကလေးကစားကွင်းကိုလည်း စီစဉ်ပေးထားကြောင်း ၎င်းကဆိုသည်။
ဝင်ကြေးအနေဖြင့် နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် (၁၀၀၀) ၊ ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးလျှင် အခမဲ့ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့မှ ၅မိုင်ကျော် ကွာဝေးကာ ညောင်ဦးမြို့မှ လာမည်ဆိုပါက ကားမောင်းချိန် ၁၅ မိနစ်ခန့်သာကြာကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တောင်အာရှတွင် အမေရိကန်ထက် တရုတ်က ဩဇာပိုမိုကြီးမားလာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ