မူဆယ်မြို့မှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်(၄)ဦးက ဆေးခန်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးပြန်ပေးဆွဲ
NSS - ဧပြီ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်(၄)ဦးက ဆေးခန်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ခံတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၉ ရက်)ညနေ ၅နာရီခွဲအချိန်တွင် မူဆယ်မြို့၊ အမှတ်(၂)ရပ် ကွက်၊ စည်ပင်သာယာဈေးအနီးရှိ ဆေးခန်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသည့် ဆရာဝန်ကြီးမှာ အသက် ၅၀ နှစ်အရွယ် ဒေါက်တာဦးမိုးကျော်အောင်ဖြစ်ပြီး လက်နက်ကိုင် (၄)ဦးက Crown အဖြူရောင်ကားတစ်စီးဖြင့်ရောက်ရှိလာကာ ဆေးခန်းအတွင်းသို့ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ဆက် ကြေးမပေးလို့ဆိုပြီး PDF(၄)ယောက်ကဆေးခန်းထဲဝင်လာတယ်။ သေနတ်နဲ့ခြိမ်း ခြောက်ပြီးတော့ ဆေးခန်းထဲမှာပဲ ခေါင်းကို သေနတ်တွေနဲ့ ရိုက်ပြီးတော့ ဖမ်းခေါ်သွားတယ်။ သူတစ်ယောက်တည်းကိုပဲ ဖမ်းခေါ်သွားတာပါ" ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးခံခဲ့ရသည့် ဆရာဝန်ကြီးမှာပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။
"မူဆယ်မှာက ဒီလိုမျိုးဖြစ်စဉ်ကနေ့တိုင်းလိုလိုဖြစ်နေတာပေါ့နော်။ ဖမ်းဆီးခံရတဲ့လူတွေပြန်လွတ်လာလို့ပြောကြတာတော့ အဲဒီမှာ အဖမ်းခံထားရတာ လူအယောက်(၂၀)(၃၀)ရှိတယ်ပေါ့။ ငွေပေးရင်လွှတ်ပေးတယ်။ မပေးရင်လွှတ်မပေးဘူးပေါ့။ မူဆယ်မြို့က အခုအချိန်ထိ အစိုးရအုပ်ချုပ်မှုအောက်မှာပဲ ရှိနေတုန်းပေါ့နော်။ ဒီမှာက ပြည်သူ့စစ်လည်းရှိတယ်။ ရဲတပ်ဖွဲ့လည်းရှိတယ်။ တပ်မတော်လည်းရှိပေမယ့် ဘာလို့အခုလိုမျိုးတွေဖြစ်နေလည်းဆိုတာက မေးခွန်းထုတ်စရာတော့ဖြစ်နေတာပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။
မြောက်ပိုင်း(၃)ဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး နောက်ပိုင်းမှစတင်ကာ မူဆယ်မြို့ရှိဒေသခံများကို လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ခြင်း ဖမ်းဆီးခေါ်ဆောင်ခြင်းများအား နေ့စဉ်ရက်ဆက် လုပ်ဆောင်ခဲ့ကြောင်း အထက်ပါသတင်းအရစ်မြစ်ထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအတွက် ဆင်စာဘူဖေးကျွေးရန် အွန်လိုင်းမှတဆင့်လှူဒါန်းသူပိုမိုများပြား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း