အင်းစိန်မြို့နယ်တွင် ကွန်တိန်နာကားမှ ဝက်တင်ကားကိုဝင်တိုက်ခဲ့ရာ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဧပြီ ၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကွန်တိန်နာကားမှ ဝက်တင်ကားကိုဝင်တိုက်ခဲ့ရာ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၉ရက်)၊ ည ၁၁နာရီ ၁၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောဝ မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လှိုင်သာယာဘက်ကနေမောင်းလာတဲ့ ဝက်တွေတင်လာတဲ့ ဒိုင်နာကားကို ဘုရင့်နောင်ဘက်ကမောင်းလာတဲ့ ကွန်တိန်နားကားက ဝင်တိုက်တာ။ အဲဒီမှာ ဝက်တင်ကား(ဒိုင်နာ)ကမှောက်သွားတာပါ။ ကွန်တိန်နာကားကလည်း ကွန်တိန်နာကြီး ပြုတ်ကျပြီး ယာဉ်မောင်းက ထွက်ပြေး သွားတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဝက်တင်ကား(ဒိုင်နာ)ပေါ်တွင်လိုက်ပါလာသည့် အသက်(၃၀)နှစ်အရွယ် အမျိုးသား(၃)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဝက်တင်ကား(ဒိုင်နာ)က အမျိုးသား(၃)ယောက်က ဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ အဲဒီနားမှာ ယာဉ်တိုက်မှုက အရင်ကဖြစ်လေ့ရှိပေမယ့် ခဏခဏဖြစ်တာတော့မဟုတ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၃)ဦးကို တွဲလက်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းတို့ပူးပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပဋိပက္ခတွင် ထိုင်းနိုင်ငံက ကြားနေအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း