စစ်ပွဲများကြောင့်ဆီဆိုင်မြို့၏ (၇၀)ရာခိုင်နှုန်း ပျက်စီးခဲ့ရ၊ ရှမ်းပြည်တောင်ပိုင်းတွင် စစ်ပွဲများ ကင်းစင်ရေးတပ်မတော်နှင့် PNO အဖွဲ့ကြိုးပမ်းနေ
မြူနစ် (NSS) - ဧပြီ ၈
စစ်ပွဲများကြောင့် ဆီဆိုင်မြို့၏ (၇၀)ရာခိုင်နှုန်းသည် ပျက်စီးဆုံးခဲ့ရပြီး ရှမ်းပြည်တောင်ပိုင်းအတွင်း၌ စစ်ပွဲများကင်းစင်ရေးအတွက် တပ်မတော်နှင့် PNO အဖွဲ့က ပူးပေါင်းကြိုးပမ်းနေကြောင်း သိရသည်။
PNLO, KNDF နှင့် PDF ပူးပေါင်းအဖွဲ့များက ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှစတင်ကာ ရှမ်းပြည် နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၆)အတွင်းရှိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။
ထိုသို့ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဆီဆိုင်မြို့ နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် တပ်မတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပူးပေါင်းအဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
‘အခုက တင်းမာနေတဲ့ အနေအထားကတော့ မရှိဘူး။ သူတို့(PNLO)လည်း လူအင်အားတွေ သိပ် မရှိလောက်တော့ဘူးထင်တယ်။ နေရာကွက်ကြားမှာ တော့ ရှိနေသေးတာပေါ့။ မနေ့က(ဧပြီ ၄ ရက်)တော့ PDF နဲ့ (PNLO) တို့ ထိန်းချုပ်ထားတဲ့ လွယ်ပွတ်နဲ့ ပင်တရားကျေးရွာကို ကျွန်တော်တို့ (PNO) နဲ့ တပ်တို့ က ပြန်သိမ်းပိုက်နိုင်ခဲ့တယ်’ဟု(PNO) မှ ထိပ်ပိုင်း အရာရှိတစ်ဦးက NSS ဂျာနယ်ကို ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် (PNO) အဖွဲ့တို့သည် ဆီဆိုင်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်နေသည့် အနေအထားရှိပြီး ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာ(၅)ရွာခန့်တွင် ရှိနေသော PNLO, KNDF, PDF အဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ]ကျွန်တော်တို့ကတော့ ဒီအထူးဒေသ (၆)ကို အားလုံးပြန်ထိန်းချုပ်နိုင်အောင်တော့ ဆက်ပြီးကြိုးစားသွားမှာ။ အဲဒီတော့ လက်ရှိရနေတဲ့ နေရာကို မိုင်းရှင်းလင်းရေးတွေလုပ်နေတယ်။ ဗုံးရှင်း လင်းရေးတွေ လုပ်နေတယ်။ အဲဒါတွေ ပြီးသွားပြီဆိုရင် ပြန်လည်ထူထောင်ရေးကိစ္စအတွက် ဆက်လုပ်မယ်။ ပြီးရင် ကျွန်တော်တို့ ဆက်တိုက်ရမယ့်နေရာ တွေကို ဆက်တိုက်မယ်’ဟု PNO မှ ထိပ်ပိုင်းအရာ ရှိက ဆက်လက်ပြောသည်။
ထိုသို့ PNLO, KNDF, PDF ပူးပေါင်းအဖွဲ့များရှိနေသည့် ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင် မည်ဆိုပါက ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြို့၏ (၇၀)ရာခိုင် နှုန်းခန့်သည် ပျက်စီးဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရသည်။
‘ဆီဆိုင်မြို့ကိုတော့ ဒရုန်းနဲ့ ရိုက်ထားတာရှိတယ်။ ဒါပေမဲ့ ပျက်စီးမှုစာရင်းကတော့ မရသေးဘူး။ ခန့်မှန်းခြေပြောရမယ်ဆိုရင်တော့ အဓိကတော့ ရပ်ရွာဘက်က သိပ်ပြီးတော့ ပျက်စီးတာမရှိဘူး။ ဆီဆိုင်မြို့ ပေါ်ကတော့ (၇၀)ရာခိုင်နှုန်းလောက်ကတော့ ပျက်စီးဖို့များသွားပါပြီ။ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီး သွားတယ်။ ဈေးတွေလည်း ပျက်စီးသွားတယ်။ အဲဒီနားက ရပ်ကွက်တွေလည်း တော်တော်လေးပျက်စီးသွား တယ်။ မြို့ပေါ်ကတော့ တော်တော်လေးကို ပျက်စီးသွားပြီ။ လက်နက်ကြီး မှန်တာတွေလည်းပါတယ်။ ဈေးကတော့ မီးရှို့ ခံရတာပေါ့’ဟု PNO မှ ထိပ်ပိုင်းအရာရှိက ဆို သည်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အရပ်သား (၅၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရ သည့် ဒေသခံလူထုသည်လည်း (၆၀ဝဝဝ)ကျော်ရှိ နေကြောင်း သိရသည်။ တပ်မတော်နှင့် PNO အဖွဲ့တို့သည် လက်ရှိတွင် ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည် တောင်ပိုင်းရှိဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသအတွင်းသို့အကူအညီများ ယာယီပေးပို့ ခွင့်ပြုရန် အစ္စရေးအစိုးရသဘောတူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း