အမေရိကန်၏ အကူအညီများ မရရှိဘူးဆိုပါက ယူကရိန်းက စစ်ပွဲကို ရှုံးနိမ့်လိမ့်မည်ဖြစ်ကြောင်း သမ္မတဇီလန်စကီး ထပ်မံသတိပေး
Pika (NSS) - ဧပြီ ၈
ယူကရိန်းအတွက် စစ်ရေးအကူအညီများကို အမေရိကန်လွှတ်တော်က အတည်ပြုပေးခြင်းမျိုးမရှိပါက ယူကရိန်းနိုင်ငံသည် ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မည်ဖြစ်ကြောင်း သမ္မတဇီလန်စကီးက သတိပေးပြောဆိုခဲ့သည်။
အမေရိကန်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်အမတ်များသည် ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို လပေါင်းများစွာပိတ်ဆို့ထားခဲ့ကြောင်းသိရသည်။ ဇီလန်စကီးက 'အမေရိကန်လွှတ်တော်က မကူညီဘူးဆိုရင် ယူကရိန်းက စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်ဆိုတာ သိအောင်ပြောပြဖို့ လိုအပ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီတွေမရရှိဘူးဆိုရင် ယူကရိန်းနိုင်ငံက စစ်ပွဲကို ဆက်တိုက်ဖို့အတွက် အခက်အခဲတွေရှိလာပါလိမ့်မယ်။ ဒီစစ်ပွဲမှာ ယူကရိန်းနိုင်ငံက ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် အခြားနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်'ဟု ပြောဆိုခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် Zaporizhzhia ဒေသရှိ Gulyaipole မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရက ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ Zaporizhzhia ဒေသအကြီးအကဲ အိုင်ဗန်ဖီဒိုရော့ဖ်က 'အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ရုရှားဖက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခဲ့တဲ့ သူတို့ရဲ့အိမ်အပျက်အစီးတွေအောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်'ဟု ပြောဆိုခဲ့သည်။ ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲဖြစ်ပွားနေသည်မှာ အချိန်(၂)နှစ်ကျော် ကြာပြီဖြစ်သည်။ထို့ပြင် ပြီးခဲ့သည့်နှစ်တွင် ယူကရိန်းသည် ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့သော်လည်း သိသာသောရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်ကြမ်းရရှိမှုနှင့် လျှပ်စစ်မီးမလုံလောက်မှုကြောင့် ဆီစက်ရုံ (၃၀) ရာခိုင်နှုန်းခန့် လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ