တရုတ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ခန်းမှာနေတဲ့ လူသုံးဦး လွင့်ကျသေဆုံး
ရောင်နီ (NSS) - ဧပြီ ၇
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သတင်းပတ်က ပြင်းထန်ရာသီဥတုကြောင့် ဒေသအတွင်း တိုင်ဖွန်းမုန်တိုင်း လေတိုက်ခတ်မှု တွေကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူနေအိမ်ရာတိုက်ခန်းမှာ လူသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့(မတ်လ ၃၁ ရက်) က စတင်တိုက်ခတ်ခဲ့တဲ့ ထူးခြား လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျန်းရှီ ပြည်နယ်တစ်ခုလုံးမှာ စုစုပေါင်း လူခုနှစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ကြာသပတေးနေ့ (ဧပြီ ၄ ရက်) မှာ ဖော်ပြခဲ့ပါတယ်။
အိမ်ခြေ ၅,၄၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၃၁၃,၀၀၀ ခန့် ထိခိုက်ခဲ့ပြပီး ၎င်းတို့အနက် ၁၆၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။ တရုတ် မိုးလေဝသအာဏာပိုင်တွေက ၎င်းရဲ့ သုံးဆင့်သတိပေးစနစ်မှာ အမြင့်ဆုံးဖြစ်တဲ့ လိမ္မော်ရောင်သတိပေးချက်ကို အင်္ဂါနေ့(ဧပြီလ ၂ ရက်) မှာ ထုတ်ပြန်ခဲ့ပြီး ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အဆိုပါ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(မတ်လ ၃၂ ရက်) က ပြင်းထန် မိုးကြိုးမုန်တိုင်းနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူတွေထဲမှာ နမ်ချန်ခရိုင်၊ တိုက်ခန်းနေ လူ ၃ ဦးလည်း ပါဝင်ခဲ့တယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။
၎င်းတို့ဟာ လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ခန်းပြတင်းပေါက်မှတစ်ဆင့် ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာရဲ့အဆိုအရ အမျိုးအစား ၁ ဟာရီကိန်းနဲ့ညီမျှတဲ့ အဆင့် ၁၂ ဆင့်အထက်ရှိ အမြင့်ဆုံး လေတိုက်နှုန်း ကြောင့် အခုလိုဖြစ်ရတာဖြစ်ပြီး၊ အထပ်မြင့်တိုက်တွေမှာ တပ်ဆင်ထားတဲ့ လေအေးပေးစက်တွေနဲ့ သစ်ပင်ပေါင်း ၂၀၀၀ ကျော်လည်း ပြိုလဲခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဆက်တိုက်ခံခဲ့ရပါတယ်။ ဒါအပြင် လွန်ကဲတဲ့ နေ့အပူချိန်တွေကြောင့် အရင်နှစ်တွေထက် ပိုလေပြင်းမုန်တိုင်း ကျရောက်လာနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွှန်ကြားချက်များကို မလိုက်နာသည့် Money Changer License ရ ကုမ္ပဏီ(၆)ခုကို လိုင်စင်ရုတ်သိမ်းကြောင်း ဗဟိုဘဏ်ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ