ရုရှားနိုင်ငံမှာ ရေကာတာကျိုးပျက်ခဲ့ပြီးနောက် ဖြစ်လာခဲ့တဲ့ရေကြီးမှုများကြောင့် လူပေါင်း ၄၅ဝဝ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
ဂျန်ဇက် (NSS) – ဧပြီ ၇
ရုရှားတာဝန်ရှိသူတွေဟာ ရေကာတာ ပျက်စီးခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ရေကြီးမှုများကြောင့် အခက်အခဲများစွာ ဖြစ်ခဲ့ရတဲ့ လူပေါင်း ၄၅ဝဝ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံတောင်ပိုင်း Ural ဒေသ Orsk မြို့နားမှာ ရေကာတာတစ်ခု ပျက်စီးခဲ့ပြီးနောက် သိုလှောင်ထားတဲ့ရေများ အပြင်ကိုထွက်လာခဲ့ကာ ရေကြီးမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်ပိုင်း ရေကာတာ ပျက်စီးခဲ့ရကာ ရေများအပြင်ဘက်ကိုလျှံထွက်လာခဲ့ပြီး အိမ်ပေါင်း ၆ဝဝဝ ကျော် ရေကြီးမှုဒဏ်ကို တွေ့ကြုံခဲ့ရကာ ကလေးငယ် ၁၁ဝဝ ကျော် အပါအဝင် လူပေါင်း ၄၂ဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ Orenburg ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆိုပါရေကာတာကို ၂ဝ၁၄ ခုနှစ်တည်ဆောက်ခဲ့ပြီး ရေကာတာ ကျိုးပျက်ခဲ့ရခြင်းဟာ တည်ဆောက်ချိန်အတွင်း ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ခြင်းမရှိတဲ့အတွက် ဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုများ ရှိနေ ပါတယ်။ ရုရှားအစိုးရဟာ အဆိုပါရေကာတာ ကျိုးပေါက်ရခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ရေကာတာကျိုးပျက်မှုကြောင့်ခက်ခဲတဲ့အခြေအနေတွေရှိနေပြီး မြစ်ရေကြီးမှုများ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း သတိပေးချက်များလည်း ထုတ်ပြန်ထားရပါတယ်။ Ural မြစ်ရေဟာ အန္တရာယ်ရှိတဲ့အခြေအနေမျိုးကို ရောက်ရှိနေ ပြီး ရေကာတာကျိုးပေါက်မှုကြောင့် မြစ်ရေဟာ ထပ်မံမြင့်တက်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ရုရှားအာဏာပိုင်တစ်ဦးက "ရေကာတာ ကျိုးပေါက်ပြီး ရေကြီးမှုတွေဖြစ်လာခဲ့တယ်။ အခြေနေတွေဟာ ရွေးချယ် လို့ရတဲ့အခြေအနေမျိုးတော့ မဟုတ်ဘူး၊ မြစ်ရေဟာစိုးရိမ်ရေမှတ်ထက် ကျော်လွန်လာဖွယ်ရှိနေပါတယ်။ လူတွေကိုလည်း အိမ်တွေထဲက အမြန်ဆုံးထွက်ခွာပြီး ဘေးကင်းဇုန်တွေကိုသွားရောက်ဖို့ သတိပေးထားပါတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တူးဖော်ခြင်းမပြုရသေးသည့် ကျောက်လွှာစဥ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ