သာကေတမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့်အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အောင်နိုင်သူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဧပြီလ ၆ ရက်)၊ ည ၉ နာရီ ၄၂ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ (၈)ထိပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အနားကလူတွေပြောတာတော့ ကားလမ်းဖြတ်ကူးတဲ့အမျိုးသမီးကို ကားက တိုက်ပြီးမောင်းပြေးသွားတာလို့ ပြောတယ်။ ကျွန်တော်တို့ရောက်တော့ ကားတိုက်ခံရတဲ့အမျိုးသမီးက ကားလမ်းဘေးမှာ သွေးထွက်ပြီး ဆုံးနေတာပါ” ဟု အောင်နိုင်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတွင် အောက်မေးကွဲဒဏ်ရာအပြင် ဦးခေါင်းနှင့်ခြေထောက် ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့အမျိုးသမီးက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်။ သွေးတွေအများကြီးထွက်ပြီးဆုံးသွား တာပေါ့။ အဲဒီနားက အရင်ကဆိုင်ခန်းတွေရှိတော့ လူမပြတ်ပေမယ့် အခုတော့ ဆိုင်ခန်းတွေမရှိတော့ လူကပြတ် တယ်။ အရင်နှစ်ကနဲ့ အခုနှစ်ဆို အဲဒီလိုကားတိုက်ခံရာတာ (၃)ကြိမ်ရှိပြီ။ အခုလိုပဲတိုက်ပြီး မောင်းပြေးကြတာပေါ့။ အရင်ကဖြစ်စဉ်တွေကတော့ မိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံမှာ ရေကာတာကျိုးပျက်ခဲ့ပြီးနောက် ဖြစ်လာခဲ့တဲ့ရေကြီးမှုများကြောင့် လူပေါင်း ၄၅ဝဝ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း