နိုင်ဂျီးရီးယားနိုင်ငံတွင် သေနတ်သမား(၁၀၀)ခန့်က အနည်းဆုံးလူ(၂၁)ဦးကို သေနတ်ဖြင့်ပစ်သတ်
Pika (NSS) - ဧပြီ ၆
နိုင်ဂျီးရီးယားနိုင်ငံ ကိုဂီပြည်နယ်တွင် သေနတ်သမားများက ရွာသားအနည်းဆုံး(၂၁)ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဧပြီလ(၅)ရက်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ပွဲသည် မွေးမြူရေးသမားများနှင့် လယ်သမားများကြား နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် လူ(၂၁)ဦးကို ဧပြီလ(၅)ရက်နေ့ အစောပိုင်းတွင် မြေမြှုပ်ပေးခဲ့ကြောင်း Kogi ပြည်နယ် Omala ဒေသဆိုင်ရာ အစိုးရဥက္ကဋ္ဌ Edibo Ameh Mark ကပြောကြားခဲ့သည်။ ပြီးခဲ့သည့် (၃)ရက်ခန့်က အဆိုပါရွာသားများသည် Fulani မွေးမြူရေးသမား(၂)ဦးကို ခေါင်းဖြတ်သတ်ခြင်းအပါအဝင် မွေးမြူရေးသမား(၆)ဦးကို သတ်ခဲ့ပြီးနောက် Fulani မွေးမြူရေးသမားများက ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Edibo Ameh Mark ကပြောကြားခဲ့သည်။
ထို့ပြင် နိုင်ဂျီးရီးယားနိုင်ငံတွင် မွေးမြူရေးသမားများနှင့် လယ်သမားများကြား တိုက်ပွဲဖြစ်ပွားမှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အသက်(၅၄)နှစ်အရွယ် ဒေသခံ Elias Atabo က 'ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာမယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။တိုက်ခိုက်မှုဟာ အချိန်(၄၅)မိနစ်လောက်ပဲ ကြာခဲ့တာပါ။' ဟု ပြောဆိုခဲ့သည်။ မွေးမြူရေးသမား(၁၀၀)ခန့်သည် ဧပြီလ(၄)ရက်နေ့တွင် ရွာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူအများစုမှာ တိုက်ခိုက်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမျိုးမရှိသော သက်ကြီးရွယ်အိုများဖြစ်ကြောင်း ဒေသခံ Atabor Julius ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နှင့်အစ္စရေးကြား ဖြစ်ပွားလာနိုင်သော ထိပ်တိုက်ရင်ဆိုင်မှုများမှ ဝေးဝေးနေရန် အမေရိကန်ကို အီရန်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း