အီရန်နှင့်အစ္စရေးကြား ဖြစ်ပွားလာနိုင်သော ထိပ်တိုက်ရင်ဆိုင်မှုများမှ ဝေးဝေးနေရန် အမေရိကန်ကို အီရန်အစိုးရ သတိပေး
Pika(NSS) - ဧပြီ ၆
အီရန်နှင့် အစ္စရေးတို့ကြား ဖြစ်ပွားလာနိုင်သည့် ထိပ်တိုက်ရင်ဆိုင်မှုများမှ ဝေးဝေးနေရန် အမေရိကန်ကို အီရန်အစိုးရက သတိပေးခဲ့ကြောင်း အီရန်သမ္မတ လက်ထောက် Mohammad Jamshidi က ဧပြီလ(၅)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်အဆောက်အအုံများကို ပစ်မှတ်ထားခြင်းမျိုး မပြုလုပ်ရန် အမေရိကန်က အီရန်ကို သတိပေးနေသည့်အချိန်တွင် အဆိုပါသတိပေးမှုထွက်ပေါ်လာခြင်းဖြစ်သည်။ Mohammad Jamshidi က 'အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုရဲ့ ထောင်ချောက်ထဲကို ကျမသွားစေဖို့ အမေရိကန်ခေါင်းဆောင်ပိုင်းကို အီရန်အစိုးရက သတိပေးထားပါတယ်။အထိအခိုက်တွေ မရှိချင်ဘူးဆိုရင် ဝေးဝေးနေဖို့ အမေရိကန်ကို သတိပေးထားပါတယ်။အပြန်အလှန်အနေနဲ့ အမေရိကန်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမလုပ်ဖို့ အမေရိကန်ဘက်က အီရန်ကို တောင်းဆိုခဲ့ပါတယ်။"ဟု ပြောဆိုခဲ့သည်။
ဧပြီလ(၁)ရက်နေ့တွင် ဆီးရီးယားနိုင်ငံ Damascus မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတပ်ဖွဲ့များက လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်(၂)ဦးအပါအဝင် အီရန်စစ်တပ်မှအရာရှိ(၇)ဦးသေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီခါမေနီက ကတိပြုပြောဆိုခဲ့သည်။ အစ္စရေးသည် အဆိုပါလုပ်ရပ်များအတွက် သေချာ ပေါက်ပါးရိုက်ခံရမည်ဖြစ်ကြောင်း အယာတိုလာအလီခါမေနီက ဧပြီလ(၃)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့၌ တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီလေဆိပ်စီမံကိန်းလုပ်ငန်းခွင် Drop Bomb ဖြင့် တိုက်ခိုက်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း