ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် လူမှုကူညီရေးအသင်းကားတစ်စီးကို မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်သော ကြောင့် လူနာ နှင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ
Pearl (NSS) - မတ် ၂၈
ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် လူမှုကူညီရေးအသင်းပိုင် လူနာတင်ကားတစ်စီးကို မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်သောကြောင့် လူနာ နှင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၇ရက်)၊ ည (၈)နာရီ၊ (၄၅)မိနစ်ခန့်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ကမာဆိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခံရသည့် ယာဉ်မှာအကြင်နာတွဲလက်လူမှုကူညီရေးအသင်းပိုင်း ကားဖြစ်ကာ ယာဉ်မောင်း နှင့် လူနာ အပါအဝင် လူ (၆)ဦးခန့် လိုက်ပါလာခြင်းဖြစ်ပြီး သထုံမြို့မှ ရန်ကုန်မြို့သို့ လူနာလာရောက် ပို့ဆောင်စဉ် အခင်းဖြစ်နေရာအရောက် အမည်မသိလက်နက်ကိုင်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခက်ခဲ့ကြောင်း သိရသည်။
"ပထမကတော့ မိုင်းခွဲတာပေါ့။ ပစ်ခံရတာလည်း တော်တော်များတယ်။ မှန်တွေလည်း ကွဲကုန်တယ်။ ကားကတော့ တော်တော်ပျက်စီးသွားတယ်" ဟု အသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောတယ်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း နှင့် လူနာတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေသားအသုံးပြုမှုက နှစ်ပေါင်း ၂ဝ ကျော်အတွင်းပျောက်ကွယ်သွားဖွယ်ရှိနေဟု ရုရှားနိုင်ငံသားများ ယုံကြည်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း