ရေမြောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးမှု ထားဝယ်တွင်ဖြစ်ပွား
Pearl (NP News) - မတ် ၃၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ရေမြောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃ဝ ရက်) ၊ ည (၇)နာရီအချိန်ခန့်တွင် ထားဝယ်မြို့နယ် ဥဿရံတိုးချဲ့ရပ်ကွက် ကမ်းနားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သော မောင်သန့်ဇင် (၃၂)နှစ်သည် ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာ မင်္ဂလာခန်းမဘေး ရေမြောင်းထဲတွင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့ကို အကြောင်းကြားလို့ ကျွန်တော်တို့ သွားတော့ သူက အသက်မရှိတော့ဘူး၊ အဲဒီမြောင်းမှာ တံတားတစ်ခုရှိတယ်၊ သူက အရက်သောက်တတ်တော့ အဲဒီတံတားပေါ်မူးပြီးထိုင်နေရင်း ပြုတ်ကျတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်" ဟု ဇမ္ဗူသီရိအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါ သေဆုံးသူအား ထားဝယ်ပြည်သူ့ ဆေးရုံးကြီးသို့ကူညီပို့ဆောင်းပေးခဲ့ပြီး ယနေ့ (မတ်လ ၃၁ ရက်) နံနက်ပိုင်းတွင် ရုပ်အလောင်းအား ၎င်း၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေရေျမာင္းအတြင္း လူတစ္ဦး ေရနစ္ေသဆုံးမႈ ထားဝယ္တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၃၁
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္တြင္ ေရေျမာင္းအတြင္း လူတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း ဇမၺဴသီရိ အေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၃ဝ ရက္) ၊ ည (၇)နာရီအခ်ိန္ခန႔္တြင္ ထားဝယ္ၿမိဳ႕နယ္ ဥႆရံတိုးခ်ဲ႕ရပ္ကြက္ ကမ္းနားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါရပ္ကြက္တြင္ေနထိုင္ေသာ ေမာင္သန႔္ဇင္ (၃၂)ႏွစ္သည္ ကမ္းနားလမ္းရွိ ဆိပ္ကမ္းသာ မဂၤလာခန္းမေဘး ေရေျမာင္းထဲတြင္ ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။
" ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔ သြားေတာ့ သူက အသက္မရွိေတာ့ဘူး၊ အဲဒီေျမာင္းမွာ တံတားတစ္ခုရွိတယ္၊ သူက အရက္ေသာက္တတ္ေတာ့ အဲဒီတံတားေပၚမူးၿပီးထိုင္ေနရင္း ျပဳတ္က်တယ္လို႔ ကြၽန္ေတာ္တို႔ သုံးသပ္ပါတယ္" ဟု ဇမၺဴသီရိအေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါ ေသဆုံးသူအား ထားဝယ္ျပည္သူ႔ ေဆး႐ုံးႀကီးသို႔ကူညီပို႔ေဆာင္းေပးခဲ့ၿပီး ယေန႔ (မတ္လ ၃၁ ရက္) နံနက္ပိုင္းတြင္ ႐ုပ္အေလာင္းအား ၎၏ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရန် “ပြည်တွင်းခရီးသွား ကမ်ပိန်း” ပုံစံများကို အထူးဈေးနှုန်းများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း