ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရန် “ပြည်တွင်းခရီးသွား ကမ်ပိန်း” ပုံစံများကို အထူးဈေးနှုန်းများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်ဟုဆို
ယွန်း (NP News) - မတ် ၃၁
ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်စေရန် “ပြည်တွင်းခရီးသွား ကမ်ပိန်း” ပုံစံများကို အထူးဈေးနှုန်းများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကအသိပေးပြောဆိုထားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ပြီးခဲ့သည့် မတ်လ(၂၉)ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်း တူ အစိုးရ-ပုဂ္ဂလိက-ပြည်သူ စုပေါင်းအားဖြင့် ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ပြည်ဝင်ခရီးသွားများအတွက် အိမ်နီးနားချင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ဦးစားပေးဈေးကွက်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလားအလာကောင်းများရှိသည့် ရုရှားဈေးကွက်ကို မြှင့်တင်နိုင်ရန် “Welcome Russia” Program in Myanmar အစီအစဥ်ကို အကောင်အထည်ဖော်နေကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်နိုင်ရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေလျှော့ပေးနိုင်သည်များကို ဖြေလျှော့ပေးနေကြောင်း သိရသည်။
အလားတူ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး အထူးဈေးနှုန်းများဖြင့် “ပြည်တွင်း ခရီးသွား ကမ်ပိန်း”မျိုးများကို အကောင်အထည်ဖော်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် One Village One Product အစီအစဥ်နှင့် ခရီးသွားကဏ္ဍကိုချိတ်ဆက်ဖော်ဆောင်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထား သည်။
zawgyi version
ျပည္တြင္းခရီးသြားလုပ္ငန္း တိုးတက္ရန္ “ျပည္တြင္းခရီးသြား ကမ္ပိန္း” ပုံစံမ်ားကို အထူးေဈးႏႈန္းမ်ားျဖင့္ အေကာင္အထည္ေဖာ္ရန္လိုအပ္ဟုဆို
ယြန္း (NP News) - မတ္ ၃၁
ျပည္တြင္းခရီးသြားလုပ္ငန္း တိုးတက္ေစရန္ “ျပည္တြင္းခရီးသြား ကမ္ပိန္း” ပုံစံမ်ားကို အထူးေဈးႏႈန္းမ်ားျဖင့္ အေကာင္အထည္ေဖာ္ရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကအသိေပးေျပာဆိုထားသည္။
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ေသာ္က ၿပီးခဲ့သည့္ မတ္လ(၂၉)ရက္တြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ျပည္တြင္း၊ ျပည္ပ ခရီးသြားလုပ္ငန္းမ်ားကို ကမာၻ႔ႏိုင္ငံမ်ားနည္း တူ အစိုးရ-ပုဂၢလိက-ျပည္သူ စုေပါင္းအားျဖင့္ ျပန္လည္စတင္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာမည့္ ျပည္ဝင္ခရီးသြားမ်ားအတြက္ အိမ္နီးနားခ်င္းႏိုင္ငံမ်ားမွ ခရီးသြားဧည့္သည္မ်ားကို ဦးစားေပးေဈးကြက္အျဖစ္ သတ္မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ အလားအလာေကာင္းမ်ားရွိသည့္ ႐ုရွားေဈးကြက္ကို ျမႇင့္တင္ႏိုင္ရန္ “Welcome Russia” Program in Myanmar အစီအစဥ္ကို အေကာင္အထည္ေဖာ္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။
ထို႔ျပင္ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား အဆင္ေျပလြယ္ကူစြာ ဝင္ေရာက္ႏိုင္ေရးအ တြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ေျဖေလွ်ာ့ေပးႏိုင္သည္မ်ားကို ေျဖေလွ်ာ့ေပးေနေၾကာင္း သိရသည္။
အလားတူ ျပည္တြင္းခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာေရးအတြက္ အစိုးရ-ပုဂၢလိက ပူးေပါင္းၿပီး အထူးေဈးႏႈန္းမ်ားျဖင့္ “ျပည္တြင္း ခရီးသြား ကမ္ပိန္း”မ်ိဳးမ်ားကို အေကာင္အထည္ေဖာ္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့သည္။
ထို႔သို႔ ေဆာင္႐ြက္ရာတြင္ One Village One Product အစီအစဥ္ႏွင့္ ခရီးသြားက႑ကိုခ်ိတ္ဆက္ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထား သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လမ်းဘေးတွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့ရာ ကလေးအပါအဝင်(၂)ဦးသေဆုံးမှု မော်လမြိုင်မြို့၌ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း