သူလျှိူလုပ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရုရှားကိုယ်စားလှယ်အဖွဲ့ သွားရောက်လည်ပတ်
Pika (NSS) - မတ် ၂၈
ရုရှားပြည်ပထောက်လှမ်းရေးဗျူရို၏ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ(၂၅)ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး သူလျှိူလုပ်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ(၂၈)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ရုရှားပြည်ပထောက်လှမ်းရေးဗျူရို ဒါရိုက်တာ Sergei E Naryshkin နှင့် မြောက်ကိုရီးယားနိုင်ငံ လုံခြုံရေးဝန်ကြီး Ri Chang Dae တို့သည် ကိုရီးယားကျွန်းဆွယ်၊ရုရှားတို့နှင့်ပတ်သက်သည့် နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားပြည်ပထောက်လှမ်းရေးဗျူရို နှင့် မြောက်ကိုရီးယားနိုင်ငံ လုံခြုံရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် လုပ်ငန်းအဆင့်ဆွေးနွေးပွဲများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း KCNA က ဖော်ပြထားသည်။ ထို့အပြင် နှစ်နိုင်ငံစလုံးသည် ရန်သူများ၏ ကြီးထွားလာနေသော သူလျှိူလုပ်မှုများ နှင့် အကြံအစည်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေသော မြောက်ကိုရီးယားအာဏာရအလုပ်သမားပါတီမှ နိုင်ငံတကာညွှန်ကြားရေးမှူး ကင်ဆောင်းနမ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ(၂၇)ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သော Truong Thi Mai နှင့် ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ဗီယက်နမ် နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးမြှင့်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနယ်စပ်ကို ဒါဇင်နှင့်ချီသောဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း