အစ္စရေးနယ်စပ်ကို ဒါဇင်နှင့်ချီသောဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ပြော
Pika (NSS) - မတ် ၂၈
မတ်လ(၂၇)ရက် အစောပိုင်းတွင် အစ္စရေးနယ်စပ်ရှိ Kiryat Shmona မြို့ကို ဒါဇင်နှင့်ချီသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ က ပြောကြားခဲ့သည်။
မတ်လ(၂၇)ရက် အစောပိုင်းတွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Hebbariyeh မြို့ကို အစ္စရေးတို့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် အစ္စရေးနှင့် ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဖက်စလုံးက စစ်ပွဲဖြစ်ပွားမည်ကို မလိုလားကြောင်းနှင့် သံတမန်ရေးအရ လုပ်ဆောင်ရန် လမ်းဖွင့်ထားကြောင်း ပြောဆိုထားကြသော်လည်း ယခုသီတင်းပတ်အတွင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မတ်လ(၂၇)ရက်တွင် အစ္စရေးက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟစ်ဘိုလာလက်နက်ကိုင် အဖွဲ့ဝင်များ အပါအဝင် အနည်းဆုံးလူ(၈)ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Tair Harfa ရွာတွင် လူ(၅)ဦးသေဆုံးခဲ့ပြီး Naqura မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အခြားလူ(၃)ဦးသေဆုံးခဲ့ ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မတ်လ(၂၇)ရက်တွင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် Kiryat Shmona မြို့တွင် စက်ရုံအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေး အရေးပေါ်ဝန်ဆောင်မှုများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ထပ်မံချမှတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း