မလေးရှားလေဆိပ်အခကြေးငွေများမြင့်မားလာကြောင်း ခရီးသွားများက စောဒကတက်
ALynn (NSS) - မတ် ၂၇
စွန့်ဦးတီထွင်သူ Jehan Abu Bakar က သူမသည် မလေးရှားနိုင်ငံမှ အရှေ့တောင်အာရှရှိ အခြားနိုင်ငံများသို့ သွားသည့်အခါတိုင်း လေဆိပ်ဝင်ကြေးများ ပိုမိုပေးဆောင်နေရကြောင်း စောဒကတက်သည်။
အော်ဂဲနစ်ဆပ်ပြာကုမ္ပဏီ LeStarry Natural ၏တည်ထောင်သူ Abu Bakar က ပေးဆောင်ရသည့် အခကြေးငွေနှင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) ၏ ဝန်ဆောင်မှုများက ကိုက်ညီမှုရှိသင့်သော်လည်း WiFi မှအစ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်း စဉ်များအထိ ချို့ယွင်းချက်များရှိနေသည်ဟု ဆိုသည်။ အိတ်ရှင်းလင်းရေးသည် အမြဲတမ်းနှောင့် နှေးသည့်ပြဿနာတစ်ခုဖြစ်ပြီး လေဆိပ်အနေဖြင့် နောက်ထပ်ကောင်တာများ ထပ်ဖွင့်သင့် ကြောင်း သူမက ဆိုသည်။
“KLIA 1 သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက အကောင်းဆုံးလေဆိပ်များတွင် အဆင့် သတ်မှတ်နိုင်သော်လည်း ယခုအခါ ပျက်စီးယိုယွင်းနေသည့် လက္ခဏာများ ရှိနေသည်” ဟု ရှေ့နေ Lim က ဆိုသည်။ ထို့ပြင် ၎င်းက “ကိစ္စတိုင်းအတွက် စင်္ကာပူနဲ့ နှိုင်းယှဉ်ရတာကို မကြိုက်ပေမယ့် မလေးရှားနိုင်ငံသားတစ်ယောက်အနေနဲ့ စင်ကာပူရဲ့ Changi လေဆိပ်ကို မြင်တွေ့ရတဲ့အခါ KLIA 1 ထက် အများကြီးပိုကောင်းနေတာကို ခံစားမိပါတယ်” ဟု Lim က ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှစတင်၍ KLIA 1 မှ အာဆီယံနိုင်ငံများသို့ ထွက်ခွာမည့် ခရီးသည်များသည် ယခင် ၃၅ ရင်းဂစ် (၇ ဒသမ ၄၁ ဒေါ်လာ) ပေးခဲ့ရာမှ ယခုအခါ ရင်းဂစ် ၇၃ (ဒေါ်လာ ၁၅ ဒသမ ၅) အထိပေးဆောင်နေရပြီဖြစ်သည်။ အာဆီယံပြင်ပ ခရီးသွားလာမှုမှာမူ လက်ရှိနှုန်းထား ရင်းဂစ် ၇၃ (၁၅ ဒသမ ၅ ဒေါ်လာ) တွင် ရှိနေမည်ဖြစ်သည်။
မလေးရှားလေကြောင်းကော်မရှင်က "Covid-19 ကပ်ရောဂါအလွန် ကာလတွင် လေကြောင်း ကဏ္ဍပြန်လည်နာလန်ထူရေးအတွက် အခကြေးငွေတိုးမြှင့်ရန်လိုအပ်သည်”ဟုပြောကြားခဲ့သည်။ မလေးရှားနိုင်ငံတွင် လေဆိပ်အခနှုန်းထားများ ရုတ်တရက်မြင့်တက်လာသည်ဟု မြင်နေကြ သော်လည်း ၎င်း၏နှုန်းထားမှာ ထိုင်းအပါအဝင် ဒေသတွင်းအခြားနိုင်ငံအချို့ထက် နည်းပါးနေသေးကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင်ကို အမေရိကန်သမ္မတက သားသတ်သမားလို့ ခိုင်းနှိုင်းပြီး ဝေဖန်တိုက်ခိုက်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း