တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ALynn (NSS) - မတ် ၂၇
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်ကြီးတွင် အမေရိကန်စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ယင်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနေရာအတွက် နှစ်အနည်းငယ်ကြာ စိန်ခေါ်မှုများပြီးနောက် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ မတ်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) အစည်းအဝေးတွင် အမေရိကန်အာမခံကုမ္ပဏီ Chubb ၏ အမှုဆောင်အရာရှိချုပ် Evan Greenberg၊ အမေရိကန်-တရုတ်ဆက်ဆံရေး အမျိုးသားကော်မတီ ဥက္ကဋ္ဌ Stephen Orlins နှင့် အမေရိကန်-တရုတ်စီးပွားရေးကောင်စီဥက္ကဋ္ဌ Craig Allen တို့ ပါဝင်ခဲ့သည်။
ရှီသည် အမေရိကန်အမှုဆောင်များနှင့် နို၀င်ဘာလတွင်ကျင်းပသည့် APEC ထိပ်သီးအစည်း အဝေးအပြီး ဆန်ဖရန်စစ္စကိုတွင် နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယခုပေကျင်းတွင် တွေ့ဆုံမှုသည် အမေရိကန်နှင့် တင်းမာသည့် အနေအထားများရှိနေသော်လည်း အမေရိကန်ကုမ္ပဏီများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုလျက်ရှိကြောင်း အချက်ပြခြင်းလည်းဖြစ်သည်။
မတ်လ ၂၄ နှင့် ၂၅ ရက်များတွင် ကျင်းပခဲ့သည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အတွက် ကမ္ဘာ့ ထိပ်တန်းအမှုဆောင် အများအပြားမှာ ပေကျင်းသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ ဖိုရမ်၏ ဧည့်သည်စာရင်းတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajay Banga၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva နှင့် နိုင်ငံစုံမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ၏ ကိုယ်စားလှယ်များ ပါဝင်သည်။ မကြာသေးမီရက်များအတွင်းက စီးပွားရေးခေါင်းဆောင်များသည် တရုတ် အကြီးတန်းခေါင်းဆောင်များစွာနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ရှီနှင့်တွေ့ဆုံရန် ဖိတ်ကြား မှုသည် လက်ရှိစီးပွားရေးပတ်ဝန်းကျင်နှင့်ပတ်သက်သည့် အပျက်သဘောဆောင်သော အမြင်များကို ဖြေရှင်းရန်အတွက် တရုတ်၏ ကြိုးပမ်းအားထုတ်မှုတစ်ခုလည်းဖြစ်နေသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် တင်းမာသော စည်းမျဉ်းစည်းကမ်းများကြောင့် ကုမ္ပဏီများက လုပ်ငန်းလည်ပတ်မှုကို ပြန်လည်လျှော့ချဖို့ ကြိုးပမ်းနေရာ တရုတ်နိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။ တရုတ်၏ တင်းကျပ်သော ထောက်လှမ်း စုံစမ်းခြင်းများနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေများကြောင့် ကုမ္ပဏီအချို့က ၎င်းတို့ကို အမှန်တကယ်ကြိုဆိုခြင်းရှိ/မရှိ မေးခွန်းထုတ်လာခဲ့သည်။ ထို့ပြင် အချို့သော နိုင်ငံခြားကုမ္ပဏီ များသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆလျှော့ချရန် ကြိုးစားမြဲ ကြိုးစားနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားလေဆိပ်အခကြေးငွေများမြင့်မားလာကြောင်း ခရီးသွားများက စောဒကတက်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း