မင်းလှမြို့နယ်တွင် PPP ပါတီ၏ မြို့နယ်ဥက္ကဋ္ဌကို အကြမ်းဖက်သမားက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်
Pearl (NSS) - မတ် ၂၇
မင်းလှမြို့နယ်တွင် PPP ပါတီ၏ မြို့နယ်ဥက္ကဋ္ဌကို အကြမ်းဖက်သမားက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ဒေသခံများက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၆ ရက်)၊ နေ့လည် (၃)နာရီခန့်က ပဲခူးတိုင်း၊ မင်းလှမြို့၊ စက်ကြီးတန်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းတွင်နေထိုင်သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ၏ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်အောင်(၄၄)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမားက ရောက်ရှိလာ၍ သေနတ်ဖြင့် (၁၂)ချက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
"အိမ်ထဲအထိ ဝင်ပြီးပစ်သွားတာ။ နေ့ခင်းကြောင်တောင်အချိန်မှာ မြို့လယ်ခေါင်လို့တောင် ပြောလို့ရတဲ့နေရာမှာ ဝင်လုပ်သွားတာက အတော်လွန်တယ်"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်အောင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အား မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF အဖွဲ့)က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား၏ တရားမဝင်ရေနံဝယ်ယူခြင်းကို တားဆီးရန်အတွက် လုပ်ငန်းအဖွဲ့အသစ်တစ်ခုကို အမေရိကန်နှင့်တောင်ကိုရီးယားတို့ဖွဲ့စည်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း