တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်နှင့် ဂျပန်တို့က စစ်ရေးနည်းဗျူဟာများကို ပြန်လည်ပြင်ဆင်မည်
Pika (NSS) - မတ် ၂၅
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါတို့သည် ဂျပန်နိုင်ငံတွင် အမေရိကန်စစ်တပ် ကွပ်ကဲမှုကို ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်ကို လာမည့်လတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း Financial Times သတင်းစာက မတ်လ(၂၄)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်နှင့် ဂျပန်တို့သည် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် တူညီသောစိုးရိမ်ပူပန်မှုများကြောင့် ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်သည် နှစ်နိုင်ငံ ကြား စစ်ဆင်ရေးအစီအစဉ်နှင့် စစ်ရေးလေ့ကျင်မှုများကို ပိုမိုအားကောင်းလာစေလိမ့်မည်ဖြစ်ကြောင်း ယင်းကိစ္စ နှင့် ရင်းနှီးသူများ၏ ပြောကြားချက်ကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် လာမည့်ဧပြီလ(၁၀)ရက်တွင် ဖူမီအိုကီရှီဒါတက်ရောက်မည့် နိုင်ငံတော်အဆင့် ညစာစားပွဲ နှင့်် မူဝါဒဆွေးနွေးပွဲများ ပါဝင်မည့်ပွဲတွင် အဆိုပါအစီအစဉ်ကို ထုတ်ပြန်ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် တရုတ်၊ မြောက်ကိုရီးယား နှင့် အခြားအာရှလုံခြုံရေးကိစ္စရပ်များတွင် အမေရိကန်၏ မဟာဗျူဟာ မြောက် အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှု များကို အမေရိကန်အစိုးရ၊ အမျိုးသားလုံခြုံရေးကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်းပြန်လည် တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ထို့အပြင် ဂျပန်အစိုးရကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အမေရိကန်နှင့် ၎င်း၏ အာရှမိတ်ဖက်နိုင်ငံများကြား စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများ ပိုမိုအားကောင်း လာမှုနှင့်အတူ ဂျပန်နိုင်ငံ၏ အဓိကစစ်ရေးတည်ဆောက်မှုများကို အမေရိကန်က အခိုင်အမာထောက်ခံခဲ့ကြောင်း လည်း သိရသည်။ ထို့အပြင် တရုတ်၏စစ်အင်အား လျင်မြန်စွာတိုးချဲ့လာမှုသည် ဂျပန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်း ဂျပန်အစိုးရက မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူး သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လိပ်ပြာပုံ (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို မတ်လ (၂၇)ရက်မှစတင်၍ ရောင်းချပေးသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ