မုံရွာမြို့တွင် သစ်ခွဲစက်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြား
သန့်ဇင်(NSS) - မတ် ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သစ်ခွဲစက်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း မုံရွာခရိုင်မီးသတ်စခန်းမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၂၅ ရက်)၊ နံနက် ၄နာရီ ၁၃မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ သစ်ခွဲစက်တစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စလောင်တာတော့ သစ်ခွဲစက်က စလောင်သွားတာ။ မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုအသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပါ၊ အဲဒီ သစ်ခွဲစက်က အလျားပေ ၃၀၀ နဲ့ အနံပေ ၉၀ ရှိတဲ့ သစ်ခွဲစက်ပါ။ သစ်အချောတွေရော အကြမ်းတွေလည်းပါသွားတယ်။ ပျက်စီးဆုံးရှုံးမှုက များပါတယ်”ဟု မုံရွာခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း သစ်ခွဲစက်အဆောက်အအုံတစ်ခုလုံး နှင့် သစ်များမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။
“အကြံပြုချင်တာကတော့ ပွင့်လင်းရာသီလည်းရောက်လာပြီ ရာသီဥတုလည်းပူလာပြီဆိုတော့ မီးဘေးအန္တရာယ်ကို သတိထားသင့်တယ်။ ဒီရာသီက သစ်ရွက်တွေအရမ်းကြွေတော့ ဘေးပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်တာတို့၊ မီးဘေးကြိုတင်ကာကွယ်တာတို့လုပ်သင့်ပါတယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးအပြင် မုံရွာခရိုင်မီးသတ်တပ်ဖွဲ့၊ မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များက ၂နာရီခန့်အကြာသွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်နှင့် ဂျပန်တို့က စစ်ရေးနည်းဗျူဟာများကို ပြန်လည်ပြင်ဆင်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း