စပိန်နိုင်ငံမှာ တယ်လီဂရမ်အသုံးပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်
ဂျန်ဇက် (NSS) - မတ် ၂၅
စပိန်တရားရုံးချုပ်ဟာ နိုင်ငံအတွင်းရှိအင်တာနက်အသုံးပြုသူတွေကို တယ်လီဂရမ်အသုံးပြုခွင့် ဆိုင်းငံ့ထားဖို့ အမိန့် ပေးလိုက်ကြောင်း သိရပါတယ်။ တယ်လီဂရမ်နဲ့ပတ်သက်ပြီး ကော်ပီရိုက်အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆို တဲ့တိုင်တန်းချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့အတွက် စပိန်တရားရုံးက အခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။
စပိန်မီဒီယာလေးခုက ၎င်းတို့ဖော်ပြတဲ့ ကွန့်တန်အကြောင်းအရာတွေကို ခွင့်ပြုချက်မရှိဘဲ တယ်လီဂရမ် လူမူကွန်ရက်ပလက်ဖောင်းမှာ သုံးစွဲသူတွေ ပြန်လည်မျှဝေတာတွေရှိတယ်လို့ တိုင်တန်းခဲ့ပြီးနောက် တရားရုံးက စုံစမ်းနေတာဖြစ်ပါတယ်။
တရားရုံးဟာ စုံစမ်းစစ်ဆေးမှုအစိတ်အပိုင်းအဖြစ် တယ်လီဂရမ်ပိုင်ရှင်ကိုလည်း တိကျတဲ့သတင်းအချက်အလက် တွေပေးဖို့ တောင်းဆိုထားပြီးတောင်းဆိုချက်ကို လိုက်နာမှုမရှိဘူးဆိုရင် တယ်လီဂရမ် လူမှုကွန်ရက် အက်ပလီကေးရှင်းကို နိုင်ငံအတွင်း တားမြစ်သွားမယ်လို့ ဆိုပါတယ်။
တရားသူကြီးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ချိန်အတွင်းတယ်လီ ဂရမ်အသုံးပြုမှုတွေကို ဆိုင်းငံ့ထားမှာဖြစ် ကြောင်း ပြောပါတယ်။ စပိန်နိုင်ငံသား ၁၉ ရာခိုင်နှုန်းဟာ တယ်လီဂရမ်လူမှုကွန်ရက် အက်ပလီကေးရှင်းကို အသုံးပြုနေကြောင်း စစ်တမ်းအဖွဲ့တစ်ခုက ဖော်ပြထားပါတယ်။
စပိန်နိုင်ငံမှာ စပိန်တရားရုံးရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပွားနေပြီး သုံးစွဲသူအချို့က သင့်တော်သူမရှိတဲ့ ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောပါတယ်။ အဆိုပါ တယ်လီဂရမ်လူမူကွန်ရက်ပလက်ဖောင်းကို ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Pavel Durov ဆိုသူက စတင်လုပ်ကိုင်ခဲ့ပြီး ကမ္ဘာတဝှမ်းမှာ အသုံးပြုသူအရေအတွက် သန်း ၈ဝဝ ကျော် ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့တွင် သစ်ခွဲစက်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း