ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးတွင် မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်ဗုံး (၂)လုံးတွေ့ရှိ
Pearl (NSS) - မတ် ၂၅
ကျောက်တံတားမြို့နယ်ရှိ ဆောက်လက်စ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးတွင် မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်ဗုံး (၂)လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းလက်လုပ်ဗုံး(၂)လုံးအား ယမန်နေ့ (မတ်လ ၂၄ ရက်)၊ နံနက် (၇)နာရီခန့်တွင် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ဆောက်လက်စမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဏ္ဍပ်အနီးတွင် မသင်္ကာဖွယ် ကျောပိုးအိတ်အမည်းတစ်လုံးတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စစ်ဆေးရာ ကျောပိုးအိတ်အတွင်း၌ အချင်း ၃ လက်မ၊ အရှည် ၈ လက်မခန့်ရှိ PVC ပိုက်ပြာ ၂လုံးအတွင်း ယမ်းထည့်ထားပြီး ဂက်စ်ဘူး ၂ဘူး၊ ဓာတ်ဆီ ၁လီတာဝင် ပလတ်စတစ်ဘူး ၂ဘူး၊ 777 တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၄လုံးဖြင့် တွဲဆက်ပြုလုပ်ထားသော အဝေးထိန်း လက်လုပ်ဗုံး ၂ လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယင်းနေ့၊ နံနက် (၉) နာရီခန့်တွင် သိမ်းဆည်းရမိသည့် ပစ္စည်းများအား သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် လက်လုပ်ဗုံးချခဲ့သူများ ဖမ်းဆီးရမိနိုင်ရေးအတွက် စီစီတီဗီမှတ်တမ်းများပြန်လည်ကြည့်ရှု၍ စုံစမ်းလျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ခြင်ကျားကင်းစင်ရေး ကြိုးပမ်းနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း