နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား အနည်းဆုံး ၃၀၀ နီးပါး ပြန်လွတ်မြောက်လာ
ဂျန်ဇက် (NSS) - မတ် ၂၄
နိုင်ဂျီးရီးယားနိုင်ငံ ကာဒူနာပြည်နယ်ရှိ စာသင်ကျောင်းတွေက ဖမ်းဆီးပြန်ပေးဆွဲခံထားရသူ ကျောင်းသူကျောင်းသား အနည်းဆုံး ၃၀၀ နီးပါးပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နိုင်ဂျီးရီးယားအာဏာပိုင်တွေက မတ်လ ၂၄ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။
နိုင်ဂျီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်ကျော်က ကျောင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်နောက်ပိုင်းကတည်းက ကျောင်းသား၊ကျောင်းသူတွေ ဖမ်းဆီးပြန်ပေးဆွဲခံရမှုမြင့်တက်လာခဲ့ပြီး အနည်းဆုံး ၁၄ဝဝ ကျော် ပြန်ပေးဆွဲခံထားရကြောင်း သိရပါတယ်။ ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူးက ကျောင်းသား ၂၈၇ ဦး ပြန်လွှတ်မြောက်လာခဲ့ကြောင်း၊ ပြန်လွှတ်မြောက်ခဲ့သူအားလုံးထဲက အနည်းဆုံး ၁၀၀ နီးပါးက အသက် ၁၂ နှစ်နဲ့ အသက် ၁၂နှစ်အောက်အရွယ်များဖြစ်ကြောင်း ပြောပါတယ်။
နိုင်ဂျီးရီးယားသမ္မတအနေနဲ့ ဖမ်းဆီးပြန်ပေးဆွဲခံရတဲ့ကျောင်းသားတွေကို အမြန်ဆုံးပြန်လွတ်မြောက်အောင်ကူညီပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နိုင်ဂျီးရိးယားသမ္မတဟာ ပြန်ပေးဆွဲခံရတဲ့ကလေးငယ်တွေ ပြန်လွတ်မြောက်ဖို့ ပြန်ပေးငွေပေးလိုခြင်းမရှိခဲ့ကြောင်း ဒါပေမယ့် ပြန်ပေးဆွဲခံရသူတွေထဲမှာ ပါဝင်တဲ့မိသားစုတွေဟာ ပြန်ပေးငွေစုဆောင်းပြီး
ကလေးငယ်တွေအတွက် ပေးခဲ့တာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။
ကာဒူနာပြည်နယ်ရှိ စာသင်ကျောင်းကက လေးငယ်ပေါင်း ၃၀၀ နီးပါး ပြန်ပေးဆွဲခံရမှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား TASS နဲ့ အင်တာဗျူးလုပ်တဲ့ ဗိုလ်ချုပ်မှူးကြီး၊ ထင်ရှားတဲ့ ရခိုင်တိုင်းရင်းသားကျောင်းဆရာကြီး ကွယ်လွန်၊ မြင်စိုင်းသားအောင်အောင် ကွယ်လွန်၊ နောက်ထပ်(၁)နှစ် လူသတ်ပွဲဖြစ်ဖို့ မွေးထုတ်ပေးတဲ့ အမေရိကန် (၂၄-၃-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ