Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်မြေမတည်ငြိမ်သည့် စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာ (၁၀) ရွာကို ဓာတ်အားဖြတ်တောက်ထား

ယွန်း (NSS) - မတ် ၂၄ 

လုံခြုံရေးအခြေအနေအရ မီတာဖတ်ရှုခြင်းနှင့် ဘေလ်ပေးဝေရန်ခက်ခဲနေသည့် ဓာတ်အားခပေး ဆောင်ခြင်း မရှိသော စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာ(၁၀)ရွာကို ဓာတ်အားဖြတ်တောက်ထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၂၃)ရပ်ကွက်နှင့်ကျေးရွာ(၈၂)ရွာရှိပြီး မီးသုံးသူဦးရေ (၄၃၉၄၇) ဦး ရှိရာ မြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက်ရှိ မီးသုံးသူဦးရေ (၁၇၈၈၃) ဦးကို လစဉ်မီတာဖတ်ရှု၍ မီတာဘေလ် ပေးဝေခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ သို့သော် ကျန်ရှိသည့် ပဲကတိုးရပ်ကွက်ရှိ မီးသုံးသူဦးရေ (၄၁၀)ဦးနှင့် ကျေးရွာ (၈၂)ရွာရှိ မီးသုံးသူဦးရေ (၂၅၆၅၄)ဦး စုစုပေါင်း (၂၆၀၆၄)ဦးကို နယ်မြေလုံခြုံရေး အခြေအနေအရ ကျေးရွာများသို့ မီတာဖတ်ရှုခြင်းနှင့် ဘေလ်ပေးဝေခြင်းများကို ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း နစကမှ ဆိုထားသည်။


ထို့ကြောင့် ဓာတ်အားခပေးဆောင်နိုင်ခြင်းမရှိသော ကျေးရွာ(၁၀)ရွာကို ဓာတ်အားဖြတ်တောက်ထားကြောင်း နစကမှထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကိုင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ဓာတ်အား ခငွေ လက်ခံ ကောင်တာများကို ပိတ်ရက်မရှိဘဲ ဖွင့်လှစ်ထားပြီး ဝန်ထမ်း(၂၉)ဦးဖြင့် အလှည့်ကျတာဝန်ယူ၍ ဓာတ်အားခငွေများ ကောက်ခံလျက်ရှိရာ နေ့စဉ် မီးသုံးသူဦးရေ(၁၂၀ဝ)ဦးခန့် မီတာဘေလ်များ ပေးဆောင် လျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်အတွင်းရှိ မီးသုံး သူများအနေဖြင့် Mobile Application များဖြစ်သည့် ပြည်တွင်း ဘဏ်များမှတစ်ဆင့် ဓာတ်အားခများကို အလွယ်တကူပေးဆောင်နိုင်ရေး သက်ဆိုင်ရာဘဏ်များဖြင့် ဆောင်ရွက် ထားကြောင်း နစကမှ ဆိုထားသည်။ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ် မေလအထိ လျှပ်စစ်မီတာခ မပေးဆောင်မှုများကြောင့် မီတာခကြွေးကျန် ငွေကျပ် (၅၁၀ ဒသမ ၄၅၅)ဘီလျံရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လိုက်လံကောက်ခံမှုများဆောင်ရွက်ခဲ့ရာ ငွေကျပ် (၂၆၅)ဘီလျံသာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် လအထိ ဆက်လက်တောင်းခံရန် ကျန်ရှိနေသည့် လျှပ်စစ်မီတာခကြွေးကျန်သည် ငွေကျပ်(၂၄၄ ဒသမ ၆၁၉) ဘီလျံရှိခဲ့ရာ လက်ရှိအချိန်၌ (၉၆) ရာခိုင်နှုန်းအထိ ကောက်ခံပြီးဖြစ်ကြောင်း သိရသည်။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား အနည်းဆုံး ၃၀၀ နီးပါး ပြန်လွတ်မြောက်လာ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved