မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ လူပေါင်း ၁ဝဝ ကျော် သေဆုံးတဲ့ ပစ်ခတ်မှုမှာ ပါဝင်ဆက်နွယ်မှုမရှိကြောင်း ယူကရိန်းအစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၂၄
ရုရှားနိုင်ငံ မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ပါဝင်ဆက်နွယ်မှုမရှိကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မော်စကိုမြို့ရှိ ဂီတပွဲတော်တစ်ခုမှာ မတ်လ ၂၃ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၄၃ ဦး သေဆုံးခဲ့ပြီး မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ဝမ်းနည်းစကားတွေ အသီးသီးပေးပို့ထားပြီဖြစ်ပါတယ်။
ယူကရိန်းအစိုးရက Crocus City Hallမှာ ကျင်းပတဲ့ ဂီတပွဲတော်အတွင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနောက်ကွယ်မှာ ပါဝင်ဆက်နွယ်မှုမရှိကြောင်း ပြောဆိုထားပါတယ်။ အစ္စလမ်မစ်အစွန်းရောက်အဖွဲ့ ISIS အဖွဲ့က အဲဒီတိုက်ခိုက်မှု ဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါပေမယ့် ရုရှားသမ္မတပူတင်ဟာ တိုက်ခိုက်မှုနဲ့ ပတ်သက် ပြီး မိန့်ခွန်းပြောဆိုရာမှာ ISIS အဖွဲ့ဆိုတဲ့အမည်ကို ထည့်သွင်းပြောဆိုခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားဟာ အဲဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းနဲ့ဆက်နွယ်နေတယ်လို့ သံသယရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကတော့ မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဟာ ISIS အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူက "မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ISIS အဖွဲ့က ဝန်ခံထားတယ်။ ယူကရိန်းနိုင်ငံဟာ အဲဒီပစ်ခတ်မှုတွေမှာ တစ်စုံတရာ ပါဝင်တာမျိုး မရှိခဲ့ဘူး" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ အဲဒီတိုက်ခိုက်မှုတွေမဖြစ်ပွားခင် ရက်ပိုင်းအလိုတည်းက အမေရိကန်နိုင်ငံသားတွေကို မော်စကိုမြို့ကို လာရောက်ခြင်းမလုပ်ဆောင်ဖို့ ကြိုတင်သတိပေးခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလှူငွေဒေါ်လာ (၉) သန်းကိစ္စ စာရင်းမရှင်းနိုင်မှုသတင်းကို CRPH ဒေါ်ဖြူဖြူသင်းတို့ ဖုံးကွယ်ရန် ကြိုးစားနေပြီး မဲဆောက်ရောက် အမတ် (၃၀) ကျော်ကလည်း လက်မှတ်ထိုးမပေးဟု သိရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ