တောင်အာဖရိကမှာ လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၁ဝ ဦး သေဆုံး
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်အနီးရှိ မြို့တစ်မြို့မှာ ရေနံဆီတင် ကားတစ်စီး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး လူအယောက် ၄ဝ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုများအရ သိရပါတယ်။
ရေနံဓာတ်ငွေ့ရည် (LPG) သယ်ဆောင်လာတဲ့ ရေနံတင်ကားကြီးဟာ ဆေးရုံနဲ့ လူနေအိမ်များအနီးရှိ တံတားအောက်မှာ ပိတ်မိနေခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်၊ စနေနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “မနက် ၇ နာရီ ၅ဝ မိနစ်မှာ ဓာတ်ငွေ့တင်သင်္ဘောတစ်စင်းတံတားအောက်မှာ ပိတ်မိနေတယ်လို့ ကျွန်တော်တို့ဆီ ဖုန်းဆက်အကြောင်းကြားချက်တစ်ခု လက်ခံရရှိခဲ့တယ်” လို့ ဒေသတွင်း အရေးပေါ်ဝန်ဆောင်မှုများဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဝီလီယမ်နက်လ်ဒီ က ပြောကြားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ဒေသခံများ မျှဝေထားတဲ့ ဗီဒီယိုများမှာ လမ်းသွားလမ်းလာများ မီးလောင်မှုကြောင့် ထွက်ပြေးကြရပြီး အရှိန်ပြင်းပြင်းနဲ့ ပေါက်ကွဲနေတာကို မြင်တွေ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် နေအိမ်နဲ့ မော်တော်ယာဉ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံသတင်းများအရ သိရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၄ဝ ဦးအနက် ၁၉ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကာ ၁၅ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိလည်း အခြေအနေ တည်ငြိမ်နေကြောင်း နက်လ်ဒီက ပြောကြားခဲ့ပါတယ်။
ကားဟာ ဂက်စ်မီးဖိုများမှာ အဓိက အသုံးပြုတဲ့ LPG လီတာ ၆ဝဝဝဝ ကို တင်ဆောင်လာခဲ့တာဖြစ်ပြီး မြို့တော်ဝန် တာနီယာကမ်ဘဲလ် က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ေတာင္အာဖရိကမွာ ေလာင္စာဆီတင္ကားတစ္စီး ေပါက္ကြဲမႈေၾကာင့္ လူ ၁ဝ ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅
ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳဟန္နက္စ္ဘာ့ဂ္အနီးရွိ ၿမိဳ႕တစ္ၿမိဳ႕မွာ ေရနံဆီတင္ ကားတစ္စီး ေပါက္ကြဲခဲ့ရာ အနည္းဆုံး လူ ၁ဝ ဦး ေသဆုံးၿပီး လူအေယာက္ ၄ဝ ဒဏ္ရာရရွိခဲ့ေၾကာင္း အေရးေပၚဝန္ေဆာင္မႈမ်ားအရ သိရပါတယ္။
ေရနံဓာတ္ေငြ႕ရည္ (LPG) သယ္ေဆာင္လာတဲ့ ေရနံတင္ကားႀကီးဟာ ေဆး႐ုံနဲ႔ လူေနအိမ္မ်ားအနီးရွိ တံတားေအာက္မွာ ပိတ္မိေနခဲ့ၿပီး ဒီဇင္ဘာလ ၂၄ ရက္၊ စေနေန႔ နံနက္ပိုင္းက ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ “မနက္ ၇ နာရီ ၅ဝ မိနစ္မွာ ဓာတ္ေငြ႕တင္သေဘၤာတစ္စင္းတံတားေအာက္မွာ ပိတ္မိေနတယ္လို႔ ကြၽန္ေတာ္တို႔ဆီ ဖုန္းဆက္အေၾကာင္းၾကားခ်က္တစ္ခု လက္ခံရရွိခဲ့တယ္” လို႔ ေဒသတြင္း အေရးေပၚဝန္ေဆာင္မႈမ်ားဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူ ဝီလီယမ္နက္လ္ဒီ က ေျပာၾကားပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ေဒသခံမ်ား မွ်ေဝထားတဲ့ ဗီဒီယိုမ်ားမွာ လမ္းသြားလမ္းလာမ်ား မီးေလာင္မႈေၾကာင့္ ထြက္ေျပးၾကရၿပီး အရွိန္ျပင္းျပင္းနဲ႔ ေပါက္ကြဲေနတာကို ျမင္ေတြ႕ရပါတယ္။
ေပါက္ကြဲမႈေၾကာင့္ ေနအိမ္နဲ႔ ေမာ္ေတာ္ယာဥ္အမ်ားအျပားပ်က္စီးခဲ့ေၾကာင္း ေဒသခံသတင္းမ်ားအရ သိရပါတယ္။ ေသဆုံးသူေတြထဲမွာ ကေလး ၂ ဦး ပါဝင္ၿပီး ဒဏ္ရာရသူ ၄ဝ ဦးအနက္ ၁၉ ဦးမွာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနကာ ၁၅ ဦးမွာ ျပင္းထန္စြာ ဒဏ္ရာရရွိလည္း အေျခအေန တည္ၿငိမ္ေနေၾကာင္း နက္လ္ဒီက ေျပာၾကားခဲ့ပါတယ္။ ကားဟာ ဂက္စ္မီးဖိုမ်ားမွာ အဓိက အသုံးျပဳတဲ့ LPG လီတာ ၆ဝဝဝဝ ကို တင္ေဆာင္လာခဲ့တာျဖစ္ၿပီး ၿမိဳ႕ေတာ္ဝန္ တာနီယာကမ္ဘဲလ္ က အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျဉ်းထောင်တပ်ကြပ်တစ်ဦးကို PDF အဖွဲ့မှ ဖမ်းဆီးထားပြီး ၎င်းအား ဌာနမှလည်း ခွင့်မဲ့ပျက်ကွက်အဖြစ် ကြေညာထားဟုဆို
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း