လိုင်စင်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ရုပ်သံမျိုးစုံပြသနေသူများ ရှေ့လလယ်မှစ၍ အရေးယူခံရတော့မည်
ယွန်း(NSS) - မတ် ၂၃
မှတ်ပုံတင်လက်မှတ်လိုင်စင်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းကို ဆောင်ရွက်ပါက ရှေ့လလယ်မှစ၍ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင် ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ကြောင်း မတ်လ ဒုတိယပတ်က အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။
“ထုတ်ဖို့ပြင်နေတာတော့ကြာပြီ။ ခုမှထုတ်လိုက်တာပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ အပလီကေး ရှင်းတွေကို စနစ်တကျ ဖြစ်စေချင်တာပေါ့။ တရားဝင် လုပ်ကိုင်ချင်တဲ့လုပ်ငန်းရှင်တွေကို စနစ်တကျ မှတ်ပုံတင်ခွင့်ရှိအောင် လုပ်ပေးတာပေါ့။ ဥပမာ- မဟာမို ဘိုင်းအပလီကေးရှင်းတို့၊ Pyone Play လိုဟာမျိုး တွေပေါ့ နောက်မှာဘယ်လောက်ပဲ channel ရှိနေရှိနေ အွန်လိုင်းမှာ အပလီကေးရှင်းလုပ်တဲ့အခါမှာ မှတ် ပုံတင်ပြီးတော့ တရားဝင်လုပ်ပိုင်ခွင့်မရှိဘူးဖြစ်နေတာပေါ့။ ဒါကြောင့် ဆက်သွယ်ရေးကွန်ရက်ကို သုံးပြီးတော့ အင်တာနက်မှာ အများပြည်သူကိုပြသတဲ့ စနစ်ကိုထူထောင်ထားတဲ့လူတွေကို စနစ်တကျ ဖြစ်အောင် မှတ်ပုံ တင်ဖို့လုပ်ပေးထားတာပေါ့။ နောက်တစ်ခုက အွန်လိုင်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ဖြစ်နေတာတွေကိုလည်း ထိန်း ချုပ်ဖို့လည်း ပါတယ် ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NSS ကိုပြောသည်။
အဆိုပါထုတ်ပြန်ချက်အရ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ် လွှင့်ပြသခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ဆိုထားသည်။ ထို့ကြောင့် အမိန့် ကြေညာစာထုတ်ပြန်ပြီး (၁)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ ဆက်သွယ်ရေး ကွန်ရက်ကိုသုံး၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို လုပ်ကိုင်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါအမိန့်အရ ဆက်သွယ်ရေးကွန်ရက် အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူများသည် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှတစ်ဆင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လျှောက် ထားရာတွင် မှတ်ပုံတင်ကြေးငွေကျပ် (၂၀ဝဝဝ၀)ကို ဦးစီးဌာန၏ သတ်မှတ်ငွေစာရင်းသို့ ပေးသွင်းရမည် ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်၏ သက်တမ်းကာလ သည် စတင်ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်ခွင့်ပြုထား ကြောင်း သိရသည်။ ထို့ပြင် လျှောက်ထားချက်အပေါ် စိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ပြင်ဆင် လိုသည့် အချက်များရှိလျှင် တစ်ချက်လျှင် အခကြေးငွေ (၁၀ဝဝဝ) ကျပ်ပေးသွင်းပြီး မှတ်ပုံတင်လက်မှတ် အသစ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်သွယ်ရေးကုမ္ပဏီ (၄)ခု၏ လိုင်စင်များကို အပြီးရုပ်သိမ်းကာ ရှယ်ယာရှင်အဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းရန်စီစဉ်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ