Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှီကျင့်ဖျင်အစိုးရအပေါ် တရုတ်လူထု အထင်လွဲရန်နှင့် ကမ္ဘာက သံသယဖြစ်စေရန် လုပ်ဆောင်မှု ဂျိုးဘိုင်ဒင် ဆက်လက်ကျင့်သုံးခြင်း ရှိ-မရှိ သေချာစွာ မသိရှိရ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - မတ် ၂၃

သမ္မတဖြစ်လာပြီး ၂ နှစ်ခန့်အကြာမှာ ဒေါ်နယ်ထရမ့်ဟာ လျှို့ဝှက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စတင်ခဲ့ကြောင်း၊ ရှီကျင့်ဖျင်အစိုးရအပေါ် တရုတ်ပြည်သူများရဲ့အမြင်ကို ပြောင်းလဲစေဖို့အတွက် တရုတ်လူမှုကွန်ရက်မှာ မွှေနှောက် ပေးရန် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီကို အခွင့်အာဏာပေးအပ်ခဲ့ကြောင်း စီအိုင်အေဝန်ထမ်းများက ပြောဆိုတယ်လို့ ၂ဝ၂၄ ခုနှစ် မတ်လ ၁၄ ရက်မှာ ရိုက်တာသတင်းအေဂျင်စီက ‌ရေးသားပါတယ်။


စီအိုင်အေဟာ လုပ်ငန်းအဖွဲ့ငယ်တစ်ခုဖွဲ့စည်းခဲ့ပြီး တရုတ်အစိုးရဲ့သတင်းပေါက်ကြားသူအဖြစ် ဟန်ဆောင်ခဲ့ ကြောင်း၊ ရှီကျင့်ဖျင်အစိုးရနဲ့ပတ်သက်တဲ့အနှုတ်လက္ခဏာသဘော ဇာတ်လမ်းများ၊ သတင်းတုများကို ပြည်ပ မီဒီယာများထံ ဖြန့်ဝေပေးခဲ့ရတယ်လို့ စီအိုင်အေဝန်ထမ်းဟောင်း သုံးဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက စတင်ခဲ့တယ်ဆိုတဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်က သတင်းထွက်ပေါ်ခြင်း မရှိသေးပါဘူး။

လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံရဲ့ကမ္ဘာ့အနှံ့ခြေဆန့်မှုဟာ လျင်မြန်စွာကျယ်ပြန့်လာခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကုန်သွယ်ရေးစာချုပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် စစ်ရေးသဘောတူစာ ချုပ်များအထိ အချိန်တိုအတွင်း လျှင်မြန်စွာ သြဇာချဲ့ထွင်လာပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးဆဲကမ္ဘာရဲ့အခြေခံအ ဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေးပံ့ပိုးပေးမယ်ဆိုတဲ့ တရုတ်ရဲ့ “ရပ်ဝန်းနဲ့ လမ်း” BRI ဆိုတာ အကြံ အဖန်လုပ်တဲ့ ငွေကြေးမသမာမှုဖြစ်ကြောင်း၊ တရုတ်ပြည်ကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီဝင်တွေဟာ ပြည်ပ မှာ တရားမဝင် ငွေကြေးတွေ ခိုးဝှက်အပ်နှံထားကြောင်း စသည်ဖြင့် လံကြုတ်သတင်းများကို စီအိုင်အေက ဖန် တီးပေးခဲ့ရတယ်လို့ ဆိုပါတယ်။  

စစ်ဆင်ရေးရဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် အမေရိကန်တာဝန်ရှိသူများက ငြင်းဆိုပါ တယ်။ ဒါပေမယ့် အမှန်အချက်အလက်များမှာ အပုပ်ချစကားလုံးတွေ ဖုံးလွှမ်းပြီး  ယုန်ထင်ကြောင် ထင်ဖြစ်အောင် ထောက်လှမ်းရေး ပညာနဲ့လျှို့ဝှက်သတင်း ထုတ်ပြန်ပေးရတယ်လို့ ပြောပါတယ်။ တရုတ်ပြည် နဲ့ပတ်သက်တဲ့ လတ်တလောသတင်းများအပေါ်လိုက်ပြီး တရုတ်လူထုက သူတို့အစိုးရအပေါ် မကောင်းဆိုးဝါးသဖွယ် ထင်မှတ် လာအောင် ဘေးတီးပေးခဲ့ရကြောင်း၊ တင်းကြပ်ထိန်းချုပ်ထားတဲ့ အင်တာနက်ကွန်ရက်စနစ်အတွင်း ဝင်ရောက်ပြီး အချိန်ယူ မွှေနှောက်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။

အဲဒီလိုစစ်ဆင်ရေးမျိုး ရှိ-မရှိ၊ ရည်မှန်းချက် (သို့မဟုတ်) ထိရောက်မှု ရှိ-မရှိ ဆိုတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးရန် စီအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ချယ်ဆီးရော်ဘင်ဆန်က ငြင်းဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရသူကတော့ သတင်းမီဒီယာပလက်ဖောင်းကို လက်နက်သဖွယ်အသုံးပြုတဲ့စီအိုင်အေရဲ့လုပ်ရပ် သတင်းနဲ့ပတ်သက်ပြီး အင်မတန်စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ဆက်ဆံရာမှာ အမှန်တရားနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုကို အခြေခံပြီး  သမာသမတ်ကျဖို့ အိမ်ဖြူတော်ကို တောင်းဆိုတယ်လို့ မှတ်ချက်ပေးပါတယ်။

နှစ်ပေါင်းများစွာ ကြိတ်ပြီး ရန်စောင်နေခဲ့တဲ့ တရုတ်က ကမ္ဘာအဝှန်း သြဇာလွှမ်းမိုးရေး ခြေပုန်းခုတ်လာခြင်း အပေါ် တန်ပြန်တဲ့အနေနဲ့ အဲဒီ စီအိုင်အေစစ်ဆင်ရေး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်း ယခင်အမေရိကန်ခေါင်းဆောင်များထက်  တရုတ်အပေါ် ပိုမို ပြင်းထန်စွာတုံ့ပြန်ဖို့ ဖိအားပေးခဲ့ကြောင်း၊ စီအိုင်အေရဲ့လုပ်ရပ်ဟာ တစ်ချိန်က ဆိုဗီယက်ယူနီယံအပေါ် ဝါရှင်တန်ရဲ့ကျားကုတ်ကျားခဲ နည်းလမ်းများအတိုင်းဖြစ်နေတယ်လို့  “စစ်အေးတိုက်ပွဲ ပြန်လာပြီ “ နိုင်ငံရေး စစ်ပွဲ သမိုင်းစာအုပ်ကို ရေးသားသူ တမ်_ဝိုင်နာက ပြောပါတယ်။


စီအိုင်အေစစ်ဆင်ရေးဟာ ဘယ်လိုအကျိုးရလဒ်ထွက်ပေါ်ခဲ့တယ် (သို့မဟုတ်) လက်ရှိဂျိုးဘိုင်ဒင်အစိုးရအနေနဲ့ အဲဒီစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော်နေခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရပါဘူး။ ဘိုင်ဒင်အစိုးရ အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ကိတ်_ဝါးတားကတော့ အဲ့ဒီစစ်ဆင်ရေး အမှန်တကယ် ရှိခဲ့-မရှိခဲ့နဲ့ ဆက်လက်လှုပ်ရှားနေခြင်း ရှိ-မရှိ မှတ်ချက်ပေးရန် ငြင်းဆိုပါတယ်။ ထောက်လှမ်းရေးဆိုင်ရာအကြောင်း အရာများ ကို လေ့လာမှတ်တမ်းပြုစုနေသူ နှစ်ဦးကတော့ အမေရိကန်သမ္မတတစ်ဦးဟာ သူ့ရဲ့အခွင့်အာဏာကို အသုံးပြုပြီး စီအိုင်အေအနေနဲ့ လျှို့ဝှက်ဆောင်ရွက်ရန် အမိန့်ပေးပိုင်ခွင့် ရှိကြောင်း၊ အိမ်ဖြူတော်ရဲ့ အဲဒီလိုအမိန့်မျိုးဟာ သမ္မတ တစ်ဦးပြီး တစ်ဦး ဆက်လက်တည်ရှိနေတတ်တယ်လို့ ပြောပါတယ်။

ရိုက်တာဖော်ထုတ်တွေ့ရှိခဲ့တဲ့ သတင်းရင်းမြစ်များအရ “၂၀၁၉-ခုနှစ် စီအိုင်အေလုပ်ပိုင်ခွင့်” ဟာ ပမာဏ အတော် ကြီးမားပြီး လေးနက်မှုရှိကြောင်း ညွှန်ပြနေပါတယ်။ စီအိုင်အေ အနေနဲ့ တရုတ်နိုင်ငံတွင်သာမက ဝါရှင် တန်နဲ့ ပေကျင်းတို့က သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်နေတဲ့ အခြားကမ္ဘာ့နိုင်ငံများမှာလည်း  အရေးယူဆောင် ရွက် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးဟာ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ တောင်ပစိဖိတ်ဒေသရှိ လူထုအမြင်ကို လိုသလို ထိန်းချုပ်ဖို့ ရည်ရွယ်ကြောင်း အမေရိကန်အရာရှိဟောင်းလေးဦးက ပြောပါတယ်။ အမေရိတန်အနေနဲ့ ထိထိရောက် ရောက် ထိုးနှက်တဲ့အဆင့်ထိ မစွမ်းဆောင်နိုင်ခဲ့ပေမယ့်  ခြေလှမ်းသွက်နေတဲ့ တရုတ်ကို ကလိပေးသလို လုပ်နိုင်ခဲ့ တယ်လို့  ဒီကိစ္စနဲ့ပတ်သက်ပြီး အကျွမ်းတဝင်ရှိသူ အမေရိတန် အမျိုးသားလုံခြုံရေးအရာရှိဟောင်းက တစ်ဦးက ပြောပါတယ်။

ယခု သမ္မတလောင်းအဖြစ် ရီပတ်ဘလီကင် တစ်ပြေးနေသူ ဒေါ်နယ်ထရမ့်ကလည်း  နိုဝင်ဘာ ရွေးကောက်ပွဲ မှာ သူသာ ပြန်လည်အရွေးခံရမယ်ဆိုရင်  တရုတ်နိုင်ငံအပေါ် ပိုမိုတင်းတင်းကျပ်ကျပ်နဲ့ ချဉ်းကပ်သွားမှာ ဖြစ် ကြောင်း  အရိပ်အမြွက်ပြောဆိုနေပါတယ်။။ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်_ဘိုလ် တန်နဲ့ ထရမ့်ရဲ့ လက်ရှိပြောရေးဆိုခွင့်ရှိသူတို့ကတော့ စီအိုင်အေခွင့်ပြုမိန့်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လျှိ့ဝှက်အမိန့်ကို ထရမ့်လက်မှတ်ရေးထိုးခဲ့တယ်ဆိုတဲ့ ၂၀၁၉ ခုနှစ် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။

ပေကျင်းရဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေးမှာ လက်တုံ့ပြန်နိုင်စွမ်း လျှင်မြန်မှုကြောင့် တရုတ်နဲ့ အမေရိကန်တို့အ ကြား တင်းမာမှုများ သိသိသာသာ တိုးလာနိုင်ဖွယ်ရှိကြောင်း သမ္မတရဲ့ ခွင့်ပြုမိန့်အကြောင်း သိရှိသူ အရှေ့ အာရှဆိုင်ရာ စီအိုင်အေရေးရာ အကြီးတန်း လေ့လာသူဟောင်း ပေါလ်_ဟီယာက ပြောပါတယ်။ ဥပမာအားဖြင့် ၂၀၂၀ ခုနှစ် COVID-19 ကပ်ရောဂါရဲ့ဇာစ်မြစ်အကြောင်း စုံစမ်းစစ်ဆေးရန် တောင်းဆိုတဲ့ သြစတြေးလျ အပေါ် ပေကျင်းက ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့  စိုက်ပျိုးခွန်ဖြင့် ကုန်သွယ်ရေး ပိတ်ဆို့ခဲ့ဖူးပုံကို ထောက်ပြပါတယ်။

တရုတ်က ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ထောက်ခံမှုကို ရယူရန် လာဘ် ပေးလာဘ်ယူမှုနဲ့ ခြိမ်းခြောက်မှုများကို အသုံးချနေကြောင်း၊ တရုတ်ဟာ သူ့ရဲ့ရှေ့တန်းအုပ်စုများမှ တဆင့် အမေရိကန်နိုင်ငံအတွင်း ခွဲထုတ်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုက်အဝန်းရဲ့ နှစ် ပေါင်းများစွာ သတိပေးချက်များနဲ့ သတင်းမီဒီယာများရဲ့စွပ်စွဲရေးသားချက်များ ထွက်ပေါ်လာပြီးနောက် ဒေါ် နယ်ထရမ့်ရဲ့ ၂၀၁၉ ခုနှစ် ခုနှစ် အခွင့်အာဏာပေးအပ်ခြင်း အမိန့်ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

ပေကျင်းကတော့ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လိုက်နာပြီး အမေရိ ကန်ရဲ့ ပြည်တွင်းရေးမှာလည်း  ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုပါတယ်။ 

အဲဒါမတိုင်မီ စောစောပိုင်းနှစ်များတုန်းကလည်း အမေရိကန်အဖွဲ့အစည်းများအပေါ် ရုရှားနဲ့ တရုတ်တို့က ဆိုက်ဘာတိုက်ခိုက်မှု အများအပြားပြုလုပ်ပြီးနောက် အမေရိကန်ရဲ့ ရန်သူများကို ထိုးစစ်ဆင်ရန် သမ္မတဒေါ် နယ်ထရမ့်က စီအိုင်အေကို အခွင့်အာဏာကုန် ပေးအပ်ခဲ့ကြောင်း ရဟူး_နယူးးစ်က ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ သတင်းမှန်ကန်မှုကို ရိုက်တာအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဆိုပါ ခွင့်ပြုမိန့်ကို အဲဒီအချိန် အမျိုးသားလုံခြုံရေးကောင်စီမှ အကြီးတန်းအရာရှိဖြစ်သူ မက်_ပိုတင်ဂျာက ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ စီအိုင်အေအရာရှိဟောင်း သုံးဦးက ပြောပါတယ်။ ပေကျင်းရဲ့ ဆိုးဆိုးရွားရွား သြဇာ ချဲ့ထွင်မှု၊ ဉာဏပစ္စည်း ခိုးယူမှုနဲ့ စစ်အင်အား တိုးချဲ့ကြောင်း စွပ်စွဲချက်တွေဟာ အမေရိကန်အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုအဖြစ် ရှု့မြင်ခြင်းကြောင့်ဖြစ်တယ်လို့ အရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။

မက်_ပိုတင်ဂျာကတော့ သူ့အနေနဲ့ အမေရိကန် ထောက်လှမ်းရေးလုပ်ဆောင်ချက်များနဲ့ပတ်သက်၍ စွပ်စွဲ ချက်များ တိကျမှု (သို့မဟုတ်) မှန်ကန်မှု ရှိ-မရှိ မှတ်ချက်ပေးမည် မဟုတ်ကြောင်းပြောပါတယ်။ အမေရိကန် ထောက်လှမ်းရေးဋ္ဌာနရဲ့ စစ်ဆင်ရေးများကို အတိအကျ သိရှိထားလိမ့်မယ်လို့ ယူဆလျှင် မှားယွင်းပါလိမ့် မယ်လို့ ရိုက်တာသတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။

#တရုတ် #သမ္မတဟောင်းဒေါ်နယ်ထရမ့် #စီအိုင်အေ 

(Reuters., 14 March 2024, “Exclusive: Trump launched CIA covert influence operation against China” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေကဏ္ဍအားလုံးကိုလွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ” တစ်ရပ်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved