စင်ကာပူမှာ Monk’s Hill ဧရိယာရှိ ဘုရားကျောင်းအတွင်း ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှုဖြစ်ပွား
ရောင်နီ (NSS) - မတ် ၂၃
စင်ကာပူနိုင်ငံမှာ မတ်လ ၂ဝ ရက်၊ ည ၁၁ နာရီခန့်က Monk’s Hill ဧရိယာရှိ ဘုရားကျောင်း အဆောက်အဦးအတွင်းမှာ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
သတင်းဌာနများမှ ဖော်ပြလာတဲ့ပုံရိပ်များအရ သစ်သားဗီဒို စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပျက်စီးနေတာကို တွေ့ခဲ့ ရပါတယ်။ ဒီဇင်ဘာလလယ်ကတည်းက မီးဖိုချောင်နံရံ အနည်းငယ် စူထွက်နေတာကို သတိပြုမိတာကြောင့် ဘုရားကျောင်းတာဝန်ရှိသူက အဆောက်အအုံပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကို အကြောင်းကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြန်လည်ပြုပြင်ဖို့နောက်ကျသွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုဟာ အနံ့အသက်လည်း မရှိ၊ မီးခိုးငွေ့လည်း မတွေ့ခဲ့ရပဲ ဖုန်မှုန့်တွေသာရှိတာကြောင့် အန္တရာယ် ကြီးကြီးမားမား မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့စဉ်မှာလည်း အနီးတဝိုက် လူရှိမနေခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ အမြန်ဆုံးအပစ်ခတ်ရပ်စဲရန် အစ္စရေးကို အမေရိကန်အစိုးရ ဖိအားပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း