UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေး
ယွန်း (NSS) - မတ် ၂၁
UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ပုသိမ်ရုံးတို့တွင် Online Appointment System စနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ဆောင်ရွက်နေကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားဟုတ်/မဟုတ် စိစစ်နိုင်ရန် ဧပြီလ (၂၂)ရက်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသော UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များကို ယူဆောင်လာကြရန် ထုတ်ပြန်ချက်အရ သိရသည်။
“အခုကတော့ e-ID နဲ့တိုက်ဆိုင်စစ်ဆေးလျက်ရှိတယ်။ e-ID မှန်ရင် လဝကရုံးတွေမှာ အဲဒီစာရွက်နဲ့ UID သွားထုတ်လို့ရတယ်။ အရင်တုန်းကတော့ လာထုတ်ရင် မှတ်ပုံတင်ယူလာရတယ်။ အခုက မှတ်ပုံတင်အစား UID အစားထိုးပြပြီးတော့မှ ထုတ်ရမယ်ဆိုတာကို အသိပေးထားတာပေါ့။ UID ကတော့ လဝကနဲ့ဆိုင်တာပေါ့။ ပတ်စပို့ရုံးနဲ့တော့မဆိုင်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်နေတဲ့အထဲကနေ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပါ တယ်” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် UID နံပါတ်ထုတ်ပေးထားသည့် အထောက်အထားလက်မှတ်များ ယူဆောင်လာရန်နှင့် အထောက်အထားလက်မှတ်မပါရှိသည့် လျှောက်ထား သူများကို စာအုပ်ထုတ်ယူရမည့် (၁၀)ရက်အတွင်း သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ရန် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ဆိုထားသည်။
UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၂၁ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ