CDM မီးရထားဝန်ထမ်းများ ကချင်ပြည်နယ်၌ ရပ်ဆိုင်ထားခဲ့သော ရထားတွဲအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရဟု ကနဦးသိရ
မြူနစ် (NSS) - မတ် ၂၁
CDM မီးရထားဝန်ထမ်းများ ကချင်ပြည်နယ်၌ ရပ်ဆိုင်းထားခဲ့သော ရထားတွဲအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားမှ အရာရှိတစ်ဦးက NSS ကို ပြောသည်။
မန္တလေး-မြစ်ကြီးနား ပြေးဆွဲခဲ့သော အထက်ပါရထားသည် ယမန်နေ့(မတ် ၂၀ ရက်) ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန်းမာဘူတာ၌ရှိနေစဉ် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့က နန်းမာမှာ ဖြစ်တာပေါ့။ ဖြစ်တဲ့အခါမှာ လူစီးအထက်တန်းတွဲက တစ်တွဲ၊ ရိုးရိုးအတွဲက နှစ်တွဲ မီးလောင်သွားတာပေါ့။ ဘယ်လိုဖြစ်ပြီးလောင်တာလဲဆိုတော့ ပြောရမယ်ဆိုရင် အဲဒီနေရာက ဒေသတည်ငြိမ်အေးချမ်းမှု လုံးဝမရှိတဲ့နေရာပေါ့။ ဆိုတော့ ရှို့မီးလို့တော့ ကျွန်တော်က သုံးသပ်တယ်။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ မီးရထားတွေကို ခက် ခဲအောင် ရှို့တယ်လို့တော့ သုံးသပ်တယ်။ ဒီအတိုင်းရပ်ထားတာကို လောင်စရာအကြောင်းမှ မရှိတာ” ဟု အထက်ပါအရာရှိက ပြောသည်။
ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သော နန်းမာဒေသသည် လုံခြုံရေးအားနည်းသော အရပ်ဒေသဖြစ်ပြီး မီးလောင်မှုကြောင့် အထက်တန်းတွဲ (၁)တွဲ၊ ရိုးရိုး တန်းအတွဲ (၂)တွဲ စုစုပေါင်း ရထား(၃)တွဲ မီးလောင်ခဲ့ကြောင်း သိရသည်။
“လူစီးအတွဲတွေက အားလုံးပေါင်း (၁၂)တွဲရှိတယ်။ ဒါပေမဲ့ ဟိုဘက်(၃)လမ်းမှာ ကုန်တင်ရထားတွဲဟောင်း(၆)တွဲရှိတယ်။ အားလုံးက (၁၈)တွဲရှိတယ်ဗျာ။ ကျွန်တော်သုံးသပ်ကြည့်တာကတော့ ညအချိန်မီးရှို့ရင်တော့ တစ်မျိုးပေါ့ဗျာ။ မီးလောင်တာက ညနေ (၆)နာရီမထိုးခင်ဖြစ်တဲ့အတွက် တပ်တို့၊ ရဲတို့ လာမလားဆိုတာမျိုး ဖြစ်ကောင်းနိုင်တာပေါ့။ သူတို့လာလို့ရှိရင် နောက်ကနေ ချမယ်၊ ပစ်မယ်ဆိုတာမျိုးနဲ့ ဆွဲခေါ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ လောလောဆယ်တော့ အတိအကျတော့ မသိရသေးပါဘူး”ဟု မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားမှအရာရှိက ဆက်လက်ပြောသည်။
အဆိုပါရထားသည် မန္တလေး-မြစ်ကြီးနား ပြေးဆွဲခဲ့သော ရထားတစ်စင်းဖြစ်ပြီး CDM ပြုလုပ်ခဲ့သော မီးရထားဝန်ထမ်းများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၈ ရက်မှစ၍ နန်းမာဘူတာတွင် ရပ်ဆိုင်းထားခဲ့သော ရထားတစ်စင်းလည်းဖြစ်သည်။
“အဲဒီရထားက ရပ်ထားတာ ၈ရက်၊ ၂ လ၊ ၂၀၂၁ ခုနှစ်ကတည်းကပေါ့ဗျာ။ အဲဒီတုန်းက CDM စလုပ်ကြတယ်ဆိုပါတော့ဗျာ။ ရထားက အဲဒီမှာပဲ ရှိတယ်။ မီးရထားဝန်ထမ်းတွေ CDM လုပ်ပြီးတော့ ရပ်ထားခဲ့တဲ့ ရထားလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ စက်ခေါင်းတွဲကိုတော့ ကျွန်တော်တို့ မိုးညှင်းကို ယူထားတယ်။ တွဲတွေကတော့ မိုးညှင်းမှာ မဆန့်တော့လို့ မသိမ်း ဆည်းနိုင်ခဲ့ဘူးပေါ့” ဟု အထက်ပါအရာရှိက ထပ်မံပြောသည်။
၎င်းရထား မီးလောင်မှုဖြစ်စဉ်အတွင်း လူထိခိုက်မှု မရှိခဲ့သော်လည်း ရထားတွဲ (၃)တွဲမှာ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးတန်ဖိုးများကို စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူအသုံးပြုနေသည့် ရထားများ နှင့် ရထားသံလမ်းများကို မိုင်းခွဲဖျက်ဆီးမှု မကြာခဏဆိုသကဲ့သို့ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ကူညီပေးမယ့် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံနဲ့ပတ်သက်ပြီးအတိအကျပြောလို့ မရနိုင်သေးကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း