Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယာဉ်မောင်းလိုင်စင်ရရန်အတွက် စာမေးပွဲကို အကြိမ်ပေါင်း(၁ဝဝဝ)နီးပါးဖြေဆိုခဲ့ရသည့် တောင်ကိုရီးယားအမျိုးသမီး

Pika (NP News) - မတ် ၃ဝ


တောင်ကိုရီးယားနိုင်ငံမှ အသက်(၆၉)နှစ်အရွယ် Cha Sa-soon အမည်ရှိ အမျိုးသမီးတစ်ဦးသည် ယာဉ်မောင်းလိုင်စင်ရရှိရန်အတွက် ပေါင်(၁၁ဝဝဝ)ကျော် အကုန်အကျခံခဲ့ရသလို စာမေးပွဲကို အကြိမ်ပေါင်း(၉၆ဝ)ဖြေဆိုခဲ့ပြီးနောက် နောက်ဆုံးတွင် ယာဉ်မောင်းလိုင်စင်ကိုရရှိခဲ့ကြောင်းသိရသည်။


အသက်(၆၉)နှစ်အရွယ် Cha Sa-soon သည် (၂ဝဝ၅)ခုနှစ် ဧပြီလတွင် ရေးဖြေစစ်ဆေးမှုကို စတင်ဖြေဆိုခဲ့ပြီး ပထမဆုံးအကြိမ်ကျရှုံးပြီးနောက် ၎င်းသည်နေ့တိုင်း တစ်ပတ်လျှင်(၅) ရက်၊ သုံးနှစ်ကြာအောင်‌ အကြိမ်ပေါင်း(၇၈ဝ)ဖြေဆိုခဲ့သည်။ နောက်ပိုင်းတွင် Cha Sa-soon သည် လက်တွေ့စမ်းသပ်မှုမပြုလုပ်ခင်အချိန်အထိ တစ်ပတ်လျှင် နှစ်ကြိမ်သာစာမေးပွဲကိုဖြေဆိုခဲ့ကြောင်းသိရသည်။


ထို့နောက်၎င်းသည် ယာဉ်မောင်းလိုင်စင်ရရန်အတွက် စာမေးပွဲကို (၁ဝ) ကြိမ်ကြိုးစားပြီးနောက် ဖြေဆိုအောင်မြင်ခဲ့ပြီး စုစုပေါင်းဖြေဆိုမှုအကြိမ်(၉၆ဝ)ဖြင့် ယာဉ်မောင်းလိုင်စင်ကိုရရှိခဲ့ကြောင်းသိရသည်။ Cha Sa-soon သည် ဟင်းသီးဟင်းရွက်ရောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်ပြီး ယာဉ်မောင်းလိုင်စင်ကိုလိုအပ်သောကြောင့် လက်လျှော့ခဲ့ခြင်းမရှိပဲ အကြိမ် (၉၆ဝ) ထိ‌ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အစီရင်ခံစာများအရ Cha Sa-soon သည် ၎င်း၏ယာဉ်မောင်းလိုင်စင်ကိုရရှိရန်အတွက် ပေါင်(၁၁ဝဝဝ)နီးပါး အကုန်ကျခံခဲ့ကြောင်းသိရသည်။


Jeonbuk Driving School မှ Cha Sa-soon ၏ ယာဉ်မောင်းဆရာက ၎င်းသည်နောက်ဆုံးတွင်ယာဉ်မောင်းလိုင်စင်ကိုရရှိခဲ့ပြီး‌နောက် အလွန်ပျော်ရွှင်နေခဲ့ကြောင်းပြောကြားခဲ့သည်။Cha Sa-soon ၏ ယာဉ်မောင်းဆရာက "သူမနောက်ဆုံးတော့ ယာဉ်မောင်းလိုင်စင်ကိုရသွားတော့ အားလုံးကသူမကိုပွေ့ဖက်ပြီး ပန်းတွေပေးကြတယ်။ အဲဒါက ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခု ကျောပေါ်ကနေပြုတ်ကျသွားသလို ခံစားရမှာပါ။ သူမကို လက်လျှော့ဖို့ ပြောဖို့ သတ္တိမရှိခဲ့ပါဘူး"ဟုပြောဆိုခဲ့သည်။


Cha Sa-soon သည် ယာဉ်မောင်းလိုင်စင်ကိုရရှိခဲ့ပြီးနောက် ကျော်ကြားလာခဲ့ပြီး Hyundai ကြော်ငြာတွင်လည်း ပါဝင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် တောင်ကိုရီးယား Hyundai ကားထုတ်လုပ်သူက ၎င်းကို ပေါင်(၁၁၆၄ဝ)နီးပါးတန်သော ကားအသစ်ကိုလက်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်(၁၅)နှစ်ကျော်ကဖြစ်ခဲ့သော အဆိုပါဇာတ်လမ်းသည် Reddit ဝက်ဘ်ဆိုက်တွင် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ရာနှင့်ချီသော အသုံးပြုသူများက ၎င်းတို့၏တုံ့ပြန်မှုများကို မျှဝေခဲ့ကြောင်းလည်းသိရသည်။


အသုံးပြုသူတစ်ဦးက"ဒါကသင်ခန်းစာတစ်ခုဖြစ်ပါစေ။ ဘယ်တော့မှ လက်မလျှော့သင့်ဖူးဆိုတာ ပြသသွားခဲ့တဲ့ သင်ခန်းစာတစ်ခုပါပဲ"ဟုရေးသားဖော်ပြခဲ့သည်။


zawgyi version

ယာဥ္ေမာင္းလိုင္စင္ရရန္အတြက္ စာေမးပြဲကို အႀကိမ္ေပါင္း(၁ဝဝဝ)နီးပါးေျဖဆိုခဲ့ရသည့္ ေတာင္ကိုရီးယားအမ်ိဳးသမီး

Pika (NP News) - မတ္ ၃ဝ


ေတာင္ကိုရီးယားႏိုင္ငံမွ အသက္(၆၉)ႏွစ္အ႐ြယ္ Cha Sa-soon အမည္ရွိ အမ်ိဳးသမီးတစ္ဦးသည္ ယာဥ္ေမာင္းလိုင္စင္ရရွိရန္အတြက္ ေပါင္(၁၁ဝဝဝ)ေက်ာ္ အကုန္အက်ခံခဲ့ရသလို စာေမးပြဲကို အႀကိမ္ေပါင္း(၉၆ဝ)ေျဖဆိုခဲ့ၿပီးေနာက္ ေနာက္ဆုံးတြင္ ယာဥ္ေမာင္းလိုင္စင္ကိုရရွိခဲ့ေၾကာင္းသိရသည္။


အသက္(၆၉)ႏွစ္အ႐ြယ္ Cha Sa-soon သည္ (၂ဝဝ၅)ခုႏွစ္ ဧၿပီလတြင္ ေရးေျဖစစ္ေဆးမႈကို စတင္ေျဖဆိုခဲ့ၿပီး ပထမဆုံးအႀကိမ္က်ရႈံးၿပီးေနာက္ ၎သည္ေန႔တိုင္း တစ္ပတ္လွ်င္(၅) ရက္၊ သုံးႏွစ္ၾကာေအာင္‌ အႀကိမ္ေပါင္း(၇၈ဝ)ေျဖဆိုခဲ့သည္။ ေနာက္ပိုင္းတြင္ Cha Sa-soon သည္ လက္ေတြ႕စမ္းသပ္မႈမျပဳလုပ္ခင္အခ်ိန္အထိ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္သာစာေမးပြဲကိုေျဖဆိုခဲ့ေၾကာင္းသိရသည္။


ထို႔ေနာက္၎သည္ ယာဥ္ေမာင္းလိုင္စင္ရရန္အတြက္ စာေမးပြဲကို (၁ဝ) ႀကိမ္ႀကိဳးစားၿပီးေနာက္ ေျဖဆိုေအာင္ျမင္ခဲ့ၿပီး စုစုေပါင္းေျဖဆိုမႈအႀကိမ္(၉၆ဝ)ျဖင့္ ယာဥ္ေမာင္းလိုင္စင္ကိုရရွိခဲ့ေၾကာင္းသိရသည္။ Cha Sa-soon သည္ ဟင္းသီးဟင္း႐ြက္ေရာင္းသည့္လုပ္ငန္းကိုလုပ္ကိုင္ၿပီး ယာဥ္ေမာင္းလိုင္စင္ကိုလိုအပ္ေသာေၾကာင့္ လက္ေလွ်ာ့ခဲ့ျခင္းမရွိပဲ အႀကိမ္ (၉၆ဝ) ထိ‌ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အစီရင္ခံစာမ်ားအရ Cha Sa-soon သည္ ၎၏ယာဥ္ေမာင္းလိုင္စင္ကိုရရွိရန္အတြက္ ေပါင္(၁၁ဝဝဝ)နီးပါး အကုန္က်ခံခဲ့ေၾကာင္းသိရသည္။


Jeonbuk Driving School မွ Cha Sa-soon ၏ ယာဥ္ေမာင္းဆရာက ၎သည္ေနာက္ဆုံးတြင္ယာဥ္ေမာင္းလိုင္စင္ကိုရရွိခဲ့ၿပီး‌ေနာက္ အလြန္ေပ်ာ္႐ႊင္ေနခဲ့ေၾကာင္းေျပာၾကားခဲ့သည္။Cha Sa-soon ၏ ယာဥ္ေမာင္းဆရာက "သူမေနာက္ဆုံးေတာ့ ယာဥ္ေမာင္းလိုင္စင္ကိုရသြားေတာ့ အားလုံးကသူမကိုေပြ႕ဖက္ၿပီး ပန္းေတြေပးၾကတယ္။ အဲဒါက ႀကီးမားတဲ့ဝန္ထုပ္ဝန္ပိုးတစ္ခု ေက်ာေပၚကေနျပဳတ္က်သြားသလို ခံစားရမွာပါ။ သူမကို လက္ေလွ်ာ့ဖို႔ ေျပာဖို႔ သတၱိမရွိခဲ့ပါဘူး"ဟုေျပာဆိုခဲ့သည္။


Cha Sa-soon သည္ ယာဥ္ေမာင္းလိုင္စင္ကိုရရွိခဲ့ၿပီးေနာက္ ေက်ာ္ၾကားလာခဲ့ၿပီး Hyundai ေၾကာ္ျငာတြင္လည္း ပါဝင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ေတာင္ကိုရီးယား Hyundai ကားထုတ္လုပ္သူက ၎ကို ေပါင္(၁၁၆၄ဝ)နီးပါးတန္ေသာ ကားအသစ္ကိုလက္ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္(၁၅)ႏွစ္ေက်ာ္ကျဖစ္ခဲ့ေသာ အဆိုပါဇာတ္လမ္းသည္ Reddit ဝက္ဘ္ဆိုက္တြင္ ျပန္လည္ထြက္ေပၚလာခဲ့ၿပီး ရာႏွင့္ခ်ီေသာ အသုံးျပဳသူမ်ားက ၎တို႔၏တုံ႔ျပန္မႈမ်ားကို မွ်ေဝခဲ့ေၾကာင္းလည္းသိရသည္။


အသုံးျပဳသူတစ္ဦးက"ဒါကသင္ခန္းစာတစ္ခုျဖစ္ပါေစ။ ဘယ္ေတာ့မွ လက္မေလွ်ာ့သင့္ဖူးဆိုတာ ျပသသြားခဲ့တဲ့ သင္ခန္းစာတစ္ခုပါပဲ"ဟုေရးသားေဖာ္ျပခဲ့သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၃၁)ဦးသေဆုံးကာ (၇)ဦးပျောက်ဆုံးနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved