ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၃၁)ဦးသေဆုံးကာ (၇)ဦးပျောက်ဆုံးနေ
Pika (NP News) - မတ် ၃ဝ
ဖိလစ်ပိုင်ကျွန်းစုများကြားတွင် ခရီးသည်နှင့်အမှုထမ်း စုစုပေါင်း(၂၅ဝ)ခန့်တင်ဆောင်လာသော MV Lady Mary Joy 3 အမည်ရှိ ကူးတို့သင်္ဘော မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံးလူ(၃၁)ဦးသေဆုံးခဲ့ပြီး (၇)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောမီးလောင်ပြီးနောက် လူအများအပြားသည် သင်္ဘောပေါ်မှခုန်ချခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်၊ အခြားသောကူးတို့သင်္ဘောများ နှင့် ဒေသခံငါးဖမ်းသမားများက လူအများအပြားကို ရေထဲမှကယ်ဆယ်နိုင်ခဲ့ကြောင်း Basilan ပြည်နယ် တောင်ပိုင်း ကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman က ပြောကြားခဲ့သည်။ သင်္ဘောမီးလောင်မှုဖြစ်ပွားပြီးနောက် မတ်လ(၃ဝ)ရက် နံနက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။ MV Lady Mary Joy 3 အမည်ရှိ သင်္ဘောပေါ်လိုက်ပါလာသူ အတော်များများကို ညတွင်းချင်းကယ်ဆယ်ထားနိုင်သော်လည်း ပျောက်ဆုံးနေသူများရှိနေသဖြင့် သေဆုံးသူဦးရေသည် ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါကူးတို့သင်္ဘောသည် တောင်ပိုင်းဆိပ်ကမ်းမြို့ Zamboanga မှ ဆူလူပြည်နယ်ရှိ ဂျိုလိုမြို့သို့ထွက်ခွါလာခဲ့ခြင်းဖြစ်ပြီး Basilan မြူနီစီပယ်အနီးတွင် မတ်လ ၂၉ ရက်ညသန်း ခေါင်အချိန်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူများထဲတွင် မိဘများနှင့်ကွဲကွာနေပုံပေါ်သော ကလေးအနည်းဆုံး(၃)ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ခရီးသည်အများအပြားကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
သင်္ဘောမီးလောင်ပြီးနောက် သေဆုံးသူအများအပြားည် ရေနစ်သေဆုံးခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် အလောင်းများကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
တောင်ပိုင်း ကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman က"မီးလောင်ကျွမ်းတဲ့အချိန်မှာ အိပ်ပျော်နေတဲ့ခရီးသည်အချို့က နိုးလာကြပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ကြတယ်။ ခရီးသည်တစ်ချို့က သင်္ဘောပေါ်ကနေခုန်ချခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
မီးလောင်ကျွမ်းထားသော ကူးတို့သင်္ဘောကို Basilan မြူနီစီပယ်၏ ကမ်းရိုးတန်းကိုဆွဲတင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း တောင်ပိုင်းကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman ကပြောကြားခဲ့သည်။
zawgyi version
ဖိလစ္ပိုင္တြင္ ခရီးသည္တင္သေဘၤာမီးေလာင္ကြၽမ္းခဲ့ၿပီး အနည္းဆုံးလူ(၃၁)ဦးေသဆုံးကာ (၇)ဦးေပ်ာက္ဆုံးေန
Pika (NP News) - မတ္ ၃ဝ
ဖိလစ္ပိုင္ကြၽန္းစုမ်ားၾကားတြင္ ခရီးသည္ႏွင့္အမႈထမ္း စုစုေပါင္း(၂၅ဝ)ခန႔္တင္ေဆာင္လာေသာ MV Lady Mary Joy 3 အမည္ရွိ ကူးတို႔သေဘၤာ မီးေလာင္ကြၽမ္းခဲ့ရာ အနည္းဆုံးလူ(၃၁)ဦးေသဆုံးခဲ့ၿပီး (၇)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါသေဘၤာမီးေလာင္ၿပီးေနာက္ လူအမ်ားအျပားသည္ သေဘၤာေပၚမွခုန္ခ်ခဲ့ၿပီး ကမ္းေျခေစာင့္တပ္ဖြဲ႕၊ ေရတပ္၊ အျခားေသာကူးတို႔သေဘၤာမ်ား ႏွင့္ ေဒသခံငါးဖမ္းသမားမ်ားက လူအမ်ားအျပားကို ေရထဲမွကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း Basilan ျပည္နယ္ ေတာင္ပိုင္း ကြၽန္းအုပ္ခ်ဳပ္ေရးမႉး Jim Hataman က ေျပာၾကားခဲ့သည္။ သေဘၤာမီးေလာင္မႈျဖစ္ပြားၿပီးေနာက္ မတ္လ(၃ဝ)ရက္ နံနက္အထိ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္းသိရသည္။ MV Lady Mary Joy 3 အမည္ရွိ သေဘၤာေပၚလိုက္ပါလာသူ အေတာ္မ်ားမ်ားကို ညတြင္းခ်င္းကယ္ဆယ္ထားႏိုင္ေသာ္လည္း ေပ်ာက္ဆုံးေနသူမ်ားရွိေနသျဖင့္ ေသဆုံးသူဦးေရသည္ ထပ္မံျမင့္တက္လာႏိုင္ဖြယ္ရွိေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
အဆိုပါကူးတို႔သေဘၤာသည္ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ Zamboanga မွ ဆူလူျပည္နယ္ရွိ ဂ်ိဳလိုၿမိဳ႕သို႔ထြက္ခြါလာခဲ့ျခင္းျဖစ္ၿပီး Basilan ျမဴနီစီပယ္အနီးတြင္ မတ္လ ၂၉ ရက္ညသန္း ေခါင္အခ်ိန္က မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သေဘၤာမီးေလာင္မႈေၾကာင့္ ေသဆုံးသူမ်ားထဲတြင္ မိဘမ်ားႏွင့္ကြဲကြာေနပုံေပၚေသာ ကေလးအနည္းဆုံး(၃)ဦးပါဝင္ၿပီး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေသာ ခရီးသည္အမ်ားအျပားကို ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
သေဘၤာမီးေလာင္ၿပီးေနာက္ ေသဆုံးသူအမ်ားအျပားည္ ေရနစ္ေသဆုံးျခင္းျဖစ္ၿပီး ပင္လယ္ျပင္တြင္ အေလာင္းမ်ားကို ျပန္လည္ဆယ္ယူရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။
ေတာင္ပိုင္း ကြၽန္းအုပ္ခ်ဳပ္ေရးမႉး Jim Hataman က"မီးေလာင္ကြၽမ္းတဲ့အခ်ိန္မွာ အိပ္ေပ်ာ္ေနတဲ့ခရီးသည္အခ်ိဳ႕က ႏိုးလာၾကၿပီး ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ခဲ့ၾကတယ္။ ခရီးသည္တစ္ခ်ိဳ႕က သေဘၤာေပၚကေနခုန္ခ်ခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။
မီးေလာင္ကြၽမ္းထားေသာ ကူးတို႔သေဘၤာကို Basilan ျမဴနီစီပယ္၏ ကမ္း႐ိုးတန္းကိုဆြဲတင္ခဲ့ၿပီး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေတာင္ပိုင္းကြၽန္းအုပ္ခ်ဳပ္ေရးမႉး Jim Hataman ကေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရက်အတူထိုင်သောက်နေစဉ် ရန်ဖြစ်စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း