မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE (၂၆) တန်ကျော် ဖမ်းဆီးရမိ
Pearl (NSS) - မတ် ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE (၂၆) တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်၊ နေ့လည် ၂ နာရီခန့်တွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ ကျေးရွာအနီးတွင် သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသံထက်မြန်သောဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း အမေရိကန်လေတပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း