လျှပ်စစ်ဓာတ်အား နှင့် အစာရေစာပြတ်တောက်မှုများကြောင့် ကျူးဘားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့
ALynn (NSS) - မတ် ၂ဝ
ကျူးဘားသမ္မတ Miguel Diaz-Canel က ပြီးခဲ့သည့်သီတင်းပတ်ပိတ်ရက်က ရာနှင့်ချီသော လူထုသည် ရှားရှားပါး ပါး ဆန္ဒပြမှုများရှိခဲ့သောကြောင့် ၎င်းအစိုးရသည် ဆန္ဒပြပြည်သူများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
နာရီပေါင်းများစွာကြာ လျှပ်စစ်မီးပြတ်တောက်မှု နှင့် စားနပ်ရိက္ခာပြတ်လပ်မှုတိုးမြင့်လာခြင်းတို့ကို တိုင်ကြားရန် အတွက် အနည်းဆုံးမြို့လေးမြို့၌ မတ်လ ၁၇ ရက် (တနင်္ဂနွေနေ့) တွင် ဆန္ဒပြသူများက လမ်းများပေါ်ထွက်ခဲ့ကြ သည်။ ဖီဒယ်ကက်စထရို၏ တော်လှန်ရေး၏ မွေးရပ်မြေဟု လူသိများသော ဆန်တီယာဂိုဒီကျူးဘားတွင် ကွန်မြူနစ်ပါတီ၏ ဒေသဆိုင်ရာအတွင်းရေးမှူးသည် လူစုလူဝေးကို အိမ်ခေါင်မိုးပေါ်မှ စကားပြောဆိုရန် ကြိုးပမ်း နေချိန်၌ လူရာနှင့်ချီ၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ကျူးဘားသည် ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာခြင်းကြောင့် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေ ရသည်။ အစိုးရဝန်ထမ်းတစ်ဦး၏ လစာမှာ ကြက်ဥတစ်ပုံးစာ တန်ဖိုးထက်ပင်လျော့နည်းနေသေးသည်။ ထို့ပြင် အစိုးရကလည်း မတ်လမှစ လောင်စာဆီ ဈေးနှုန်းကို အဆ ၅၀၀ ရာခိုင်နှုန်းလောက်တိုးမြှင့်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျူးဘားနိုင်ငံသားများ အမေရိကန်သို့ စံချိန်တင်အရေအတွက်ဖြင့် ရွှေ့ပြောင်းခဲ့ကြပြီး ကျူးဘားကျွန်းသည် အစားအစာ၊ လောင်စာနှင့် ဆေးဝါးများပြတ်လပ်မှုနှင့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ကျူးဘားသမ္မတ Diaz-Canel က မီယာမီရှိ ကျူးဘားပြည်နှင်ဒဏ်ခံအသိုက်အဝန်းမှ “အကြမ်းဖက်သမားများ” သည် အွန်လိုင်းတွင် ဆန္ဒပြသူများကို နှိုးဆော်မှုများ လုပ်ဆောင်နေပြီး ကျူးဘား၏ ဆိုးရွားလာသော စီးပွားရေး သည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့်ဟု အပြစ်တင်ခဲ့သည်။ အမေရိကန်သံတမန်များက ကျူးဘား ဆန္ဒပြပွဲများကို စောင့်ကြည့်နေပြီး ကျူးဘားအစိုးရအနေဖြင့် ဆန္ဒပြသူများ၏ စကားကို နားထောင်ပေးဖို့ တောင်းဆိုထားကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
“ကျူးဘားအစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ကျူးဘားပြည်သူတွေရဲ့ တရားဝင် လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟု ဟာဗားနားရှိ အမေရိကန်သံရုံးက X တွင် ရေးသားခဲ့သည်။
ဆန္ဒပြချိန်အတွင်း ရဲများရောက်ရှိလာပြီး အချို့ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆန္ဒပြမှုများသည် ညတွင်း ချင်း အလိုအလျောက်ပျောက်ကွယ်သွားခဲ့သည်။ သဘောထားကွဲလွဲမှုကို ခွင့်မပြုသည့် ကျူးဘားအစိုးရသည် ဆန္ဒပြသူမည်မျှကို ဖမ်းဆီးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။ ၂၀၂၁ ခုနှစ် နွေရာသီတွင် ကျွန်းတစ်ကျွန်းလုံး ဆန္ဒပြပွဲများအပြီးတွင် ကျူးဘားနိုင်ငံသား ၁,၀၀၀ ကျော်ကို ရုံးတင်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်တို့က အာဖဂန်နစ္စတန်နယ်မြေထဲသို့ ကျူးကျော်တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ