အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် အငြင်းပွားမှုတွေဖြစ်ပေါ်
ဂျန်ဇက် (NSS) - မတ် ၁၈
အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားနေ ပြီး အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားခဲ့ကာ အကြမ်းဖက်မှုအဖြစ် မပြောင်းလဲအောင်ကြိုးပမ်းနေရကြောင်း သိရပါတယ်။
အင်ဒိုနီးရှားဆန္ဒပြသူတွေက သမ္မတရွေးကောက်ပွဲမှာ မဲအများဆုံးရရှိသူအဖြစ် ထိပ်ဆုံးက ဦးဆောင်ခဲ့သလို ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပရာဘီဝီ ဆူဘီယမ်တိုကိုနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူခြင်းမှ တားဆီးပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။
အင်ဒိုနီးရှားဆန္ဒပြသူတွေက ရွေးကောက်ပွဲမှာ မဲ မသာမှုတွေဖြစ်ပွားခဲ့ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးခဲ့ပေမယ့် လက်ရှိအချိန်အထိ တရားမဝင်ရလဒ်တွေ ထွက်ပေါ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။ အင်ဒိုနီးရှားရွေးကောက်ပွဲ ကော်မရှင်ပြီးခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမဲရလဒ်တွေကို မတ်လ ၂ဝ ရက်နေ့မှာ တရားဝင် ကြေညာသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မကြာသေးမီကထွက်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ် စစ်တမ်းကောက်ယူသူတွေအဖွဲ့က ကာကွယ်ရေးဝန်ကြီး ပရာဘိုဝီဟာ အခြားပြိုင်ဘက်တွေကိုဦးဆောင်နေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတအဖြစ် ဖြစ်လာဖို့ အလားလာများ နေကြောင်း ပြောပါတယ်။
မဲရလဒ်တွေကို တရားမဝင် ကြိုတင်ခန့်မှန်းမှုတွေအရ ပရာဘီဝိုဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲရလဒ် စုစုပေါင်း ၅၈ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်နှစ်ဦးက မဲရလဒ် ၂၅ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းသာ ရရှိထားကြောင်း ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းကိစ္စနဲ့ လုပ်စားနေကြတဲ့ တောကြောင်တွေ၊ ဦးယွက်စစ် ခေါင်းဆောင်တဲ့ 7 EAO Alliance က ဘာကိုရည်ရွယ်လဲ၊ သူခိုးအားပေး NUG ပကဖကို မော်လူးဒေသခံတွေ ဆန္ဒပြ၊ မြန်မာကိုကူဖို့ ထိုင်းလွှတ်တော်က ဆွေးနွေးတဲ့ အချက်(၄)ချက် (၁၈-၃-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ