ဝါရှင်တန်ဒီစီမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ရောင်နီ (NSS) - မတ် ၁၈
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ တနင်္ဂနွေနေ့ (မတ်လ ၁၇ ရက်) မနက်အစောပိုင်းက ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Kennedy Recreation Center အနီး အနောက်မြောက်ဘက်ရှိ 7th နဲ့ P St. လမ်းဆုံအနီး၊ နံနက် ၃ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မြို့တော်ရဲဌာနက ဆိုပါတယ်။ ထိခိုက်သေဆုံးသူအားလုံးဟာ အရွယ်ရောက်ပြီး သူများဖြစ်ကြပြီး ဒေသဆိုင်ရာဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ Metropolitan Police အမှုဆောင် လက်ထောက်အကြီးအကဲ ဂျက်ဖရေးကာရဲလ် က ပြောကြားခဲ့ပါတယ်။
ဆေးရုံးတက်နေသူတို့ရဲ့အခြေအနေများနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ ပစ်ခတ်မှုဟာ အိမ်ဖြူတော်ရဲ့အရှေ့မြောက်ဘက် ၁၂ ဘလောက်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပစ်ခတ်သူဟာ ဘယ်သူဆိုတာနဲ့ ဘာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ကလည်း အဆိုပါအမှုအတွက် သံသယရှိသူ ဖမ်းဆီးထားကြောင်း ကြေညာခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိရင်ဖြစ်စေ၊ မျက်မြင်တွေ့ခဲ့သူဖြစ်ရင်ဖြစ်စေ မြို့တော်ရဲဌာနကို ဆက်သွယ်မေးမြန်းဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရားဖူးကားတိမ်းမှောက်မှုကြောင့် လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း