မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲ၌ ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံး ပြင်းထန်စွာကန့်ကွက်
ယွန်း (NSS) - မတ် ၁၇
မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်း နှင့် အမျိုးသမီးဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ယနေ့(မတ်လ ၁၇ရက်) တွင် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
သဘင်အစည်းအရုံးအနေဖြင့် FAE: Fashion & Artistry Exhibition Page ၏ ယမန်နေ့(မတ်လ ၁၆ ရက်)က တင်ထားသည့် post များ၌ ၂၀၂၄ ခုနှစ်၊ မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုယှဥ်ပြိုင်ရန် တီထွင်ချုပ်လုပ်ထားသည့် ဝတ်စုံဖန်တီးမှုကို ပြင်းထန်စွာကန့်ကွက်ရှုပ်ချထားခြင်း ဖြစ်သည်။
အဆိုပါဝတ်စုံကို မော်ဒယ်စင်ဒီမြတ်က ဝတ်ဆင်ပြသထားပြီး ဒီဇိုင်နာ ခင်စုစုအောင်မှ ဒီဇိုင်းပုံကြမ်းများ ရေးဆွဲထား ခြင်းဖြစ်ကာ ပို့စ်တွင် ရေးသားချက်အရ အဆိုပါဝတ်စုံကို မြန်မာ့ဇာတ်သဘင်ဇာတ်မင်းသား၏ ပုံရိပ်ကို ကူးယူးထား ကြောင်းလည်း ဖော်ပြထားသည်။
သို့သော် အဆိုပါဒီဇိုင်းနှင့် ဝတ်ဆင်မှုသည် မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသည့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရိုးရာသဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ်ဝတ်ဆင်ထားမှု ဖြစ်ခြင်းကြောင့် မသင့်တော်သည့်အပြင် မြန်မာ့ဇာတ်သဘင်ယဥ်ကျေးမှုကို ထိပါးစော်ကားရာရောက်ကြောင်း သဘင်အစည်းအရုံးက ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ အဆိုပါဝတ်စုံကို ထပ်မံ၍ ဝတ်ဆင်ဖော်ပြခြင်းနှင့် နိုင်ငံ့ကိုယ်စားပြုယှဥ်ပြိုင်မည့် Miss Universe ပြိုင်ပွဲ တွင် ဝတ်ဆင်ခြင်းတို့ကို မြန်မာနိုင်ငံသဘင်အစည်းအရုံးက ပြင်းထန်စွာရှုံ့ချကြောင်း အသိပေးတားမြစ်ထားသည်။
သတိပေးတားမြစ်ချက်ကို လိုက်နာမှုမရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့်စည်းမျဥ်းစည်းကမ်းများ၊ မြန်မာ့ယဥ်ကျေးမှု စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲဌာနမှာ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ ဆေးခြောက်များ ကြွက်ကိုက်စားသောက်သွားမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ