လာမည့်ရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး
ယွန်း (NSS) - မတ် ၁၇
လာမည့်ရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မတ်လ(၁၇)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ တိုင်းထွာချက်များအရ မတ်လ(၂၀)ရက်မှ (၂၄)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းနှင့် အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ ၏ အရှိန်ကြောင့်လည်း မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ဆိုထားသည်။
အဆိုပါဖြစ်စဥ်များကြောင့် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် လေပြင်းတိုက်ခတ်မှုဖြစ်စဥ်များကို ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလက သတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲ၌ ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံး ပြင်းထန်စွာကန့်ကွက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း