ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းချမှုနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရ
Pika (NSS) - မတ် ၁၇
မူးယစ်ဆေးဝါး တရားမဝင်ရောင်းချမှုတွင် ၎င်း၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီကို အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Wall Street Journal က မတ်လ(၁၆)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံတောင်ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ အစိုးရရှေ့နေများသည် Meta ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများက မူးယစ်ဆေးဝါးတရားမဝင် ရောင်းချမှုမှ အကျိုးအမြတ် ရရှိမှု ရှိ/မရှိ ဆိုသည့်အချက်ကို စုံစမ်း စစ်ဆေးနေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး WSJ က ရေးသားဖော်ပြခဲ့ သည်။
အစိုးရရှေ့နေများသည် Meta ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းချမှု အကြောင်းအရာများနှင့်ပတ်သက်သည့်မှတ်တမ်းများကိုပေးရန် တောင်းဆိုထားကြောင်း WSJ က ရေးသားထားသည်။ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က အဆိုပါစုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကူညီ ပေးခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။
Meta ကုမ္ပဏီက "ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ မူးယစ်ဆေးဝါးတွေ တရားမဝင်ရောင်းချမှုဟာ ကျွန်တော်တို့ရဲ့မူဝါဒတွေနဲ့မကိုက်ညီပါဘူး။ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေက အဲဒီလိုမျိုးအကြောင်းအရာတွေကို အမြဲတမ်းရှာဖွေပြီး ဖယ်ရှားပစ်ဖို့ လုပ်ဆောင်နေပါတယ်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချမှုကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို (FDA) (သို့မဟုတ်) Meta ကုမ္ပဏီက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမယ့်ရွေးကောက်ပွဲမှာ ၎င်း ထပ်မံရှုံးနိမ့်ခဲ့ပါက အမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီအဆုံးသတ်သွားတော့မှာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း