တိုင်း နှင့် ပြည်နယ်အားလုံးနီးပါး၌ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သူများကို စာရင်းသွင်းခြင်းလုပ်ငန်းစဉ် စတင်
မြူနစ် (NSS) - မတ် ၁၆
တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သူများကို စာရင်းသွင်း ခြင်းလုပ်ငန်းစဉ်အား စတင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
လတ်တလောတွင် ရန်ကုန်၊ နေပြည်တော်အပါအဝင် အခြားသော တိုင်းနှင့် ပြည်နယ်အားလုံးနီးပါး၌ စစ်မှုထမ်းရန် အကျုံး ဝင်သူများစာရင်းကို စတင်ကောက်ခံနေလျက်ရှိကြောင်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အရာရှိတစ်ဦးက NP News ကို ပြောသည်။
“အခုက အကျုံးဝင်တဲ့သူတွေကို စာရင်းသွင်းနေပြီပေါ့။ စာရင်းတွေ သွင်းနေကြပြီ အဲဒါက မှန်ပါတယ်။ ပြည်နယ်နဲ့တိုင်း အကုန် လုံးပါပဲ။ အားလုံးတပြေးညီပါပဲ။ စာရင်းသွင်းမယ်။ စစ်ဆေးမယ့်အဖွဲ့တွေ ဆေးစစ်မယ်။ ပြီးရင် သူ့ရဲ့လုပ်ငန်းစဉ်အတိုင်းပဲ ဆက်လုပ်သွားမှာပေါ့။ ဆေးအောင်တဲ့သူက သင်တန်းတက်ပေါ့။ ဒါတွေ ဆက်လုပ်သွားမှာပေါ့”ဟု အထက်ပါအရာရှိက ပြောသည်။
ထိုသို့ စစ်မှုထမ်းရန် အကျုံးဝင်သူများစာရင်းကို ကောက်ယူရာတွင် စစ်မှုထမ်းဆောင်လိုခြင်း ရှိ၊ မရှိကိုလည်း ဆန္ဒပြုနိုင်ကြောင်း သိရသည်။ “တစ်ချို့ ပြည်နယ်နဲ့ တိုင်းတွေမှာ volunteer တွေရှိတယ်လေ။ အဲဒီ volunteer တွေ ပြီးသွားရင်တော့ အလှည့်ကျလာမှာပေါ့။ နောက် မဲနှိုက်တာတို့ ဘာတို့နဲ့ ရွေးချယ်ကြမှာပေါ့”ဟု ဗဟိုအဖွဲ့မှအရာရှိက ဆက်လက်ပြော သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများကို စာရင်းသွင်းခြင်းပြီးစီးပါက ဆေးစစ်ခြင်းလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လစာစရိတ်တွေကိုတော့ နိုင်ငံတော်က အများကြီး ပေးထားတယ်။ အခုပေးမယ့်လစာက ညွန်ကြားရေးမှူးတစ်ယောက်ရဲ့ လစာထက် များနိုင်တယ်။ လေးသိန်းကျော်တယ်။ လစာဝင်ငွေပိုင်းရယ်၊ ရိက္ခာဆန်၊ ဆီ၊ သကြား၊ နို့ဆီ၊ ပဲတွေ ဘာတွေ ပေးတာရှိတယ်” ဟု ၎င်းက ထပ်မံပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ရေးဆွဲခဲ့သော ဥပဒေတစ်ရပ်ဖြစ်ပြီး ၎င်းဥပဒေကို လက်ရှိနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသက်ဝင်ကြောင်း ကြေညာပြီးနောက် ယခုကဲ့သို့ စစ်မှု ထမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁၆ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ