ယူကရိန်းနိုင်ငံ အိုဒီဆာမြို့ကို ရုရှားကဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၀)ဦးသေဆုံးကာလူ(၇၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - မတ် ၁၆
ရုရှားဘက်က မတ်လ(၁၅)ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော အိုဒီဆာမြို့ရှိ အရပ်ဘက်အခြေခံအဆောက်အဦးကို ထိမှန်ခဲ့ပြီး အနည်းဆုံးလူ(၂၀)ဦးသေဆုံးကာ အခြားလူ(၇၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများကပြောကြားခဲ့သည်။
အိုဒီဆာမြို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ရုရှား၏ လုပ်ရပ်အတွက် သင့်လျော်သော လက်တုံ့ပြန်မှုများကို လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောကြားခဲ့သည်။ ခရိုင်းမီးယားကျွန်းဆွယ်မှ ပစ်လွှတ်လိုက်သော Iskander-M ဒုံးကျည်နှစ်စင်းသည် အိုဒီဆာမြို့ရှိ အရပ်ဘက်အခြေခံအဆောက်အအုံ၊ ဓါတ်ငွေ့ နှင့် လျှပ်စစ်ဓါတ်အားလိုင်းများကို ထိမှန်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ကီပါကပြောကြားခဲ့သည်။ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဒေသခံအချို့သည် ဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများနှင့်ကြုံတွေ့နေရကြောင်း အိုလက်ကီပါကပြောကြားခဲ့သည်။
၎င်းက "ပေါက်ကွဲမှုတွေက အရမ်းကို ပြင်းထန်ပါတယ်။အထူး သဖြင့် ဒုတိယမြောက်ဒုံးကျည်တစ်စင်းထိမှန်ပြီးတော့ ပေါက်ကွဲခဲ့တာက ပိုပြီးပြင်းထန်ပါတယ်။ ဒါက အလွန်အားပြင်းတဲ့ ဒုံးကျည်တစ်စင်းပါပဲ"ဟု ပြောဆိုခဲ့သည်။ ပထမအကြိမ်တိုက် ခိုက်မှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို ကုသပေးမှုများလုပ်ဆောင်ရန်အတွက် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့သော ကယ်ဆယ်ရေးသမားတစ်ဦးသည် ဒုတိယမြောက်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဇီလန်စကီးက "ဒီတိုက်ခိုက်မှုနဲ့ပတ် သက်ပြီး ရုရှားတပ်ဖွဲ့တွေကို သင့်လျော်တဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အရာအားလုံးကို ဆက်လက်လုပ်ဆောင်သွားမှာပါ။"ဟု ပြောဆိုခဲ့သည်။
တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဒေသခံများသည် သွေးလှူရန်အတွက် ဆေးရုံများသို့ ချက်ချင်းရောက်ရှိလာခဲ့ကြောင်း အိုလက်ကီပါကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း သုံးထပ်တိုက်တစ်ခုအပြင် အခြားနေအိမ်(၁၀)လုံးခန့် ပျက်စီးသွားခဲ့ကြောင်း တောင်ပိုင်းစစ်ဌာနချုပ်ကပြောကြားခဲ့သည်။ ယူကရိန်း၏ အကြီးဆုံးဆိပ်ကမ်းများထဲမှတစ်ခုဖြစ်သော အိုဒီဆာဆိပ်ကမ်းသည် ရုရှားဘက်က ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများကို မကြာခဏခံခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်နယ်စပ်ဒေသတွင် အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်းရှင်းလင်းရေးများကို မတ်လ ၂၂ ရက်မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ