စမ်းချောင်းမြို့နယ်တွင် အရက်သောက်ထားသည်ဟု ယူဆရသော လူငယ်အမျိုးသားတစ်ဦး (၇)လွှာတိုက်ခန်းပေါ် မှ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အရက်သောက်ထားသည်ဟု ယူဆရသောလူငယ်အမျိုးသားတစ်ဦးမှာ (၇)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၄ ရက်)၊ ညပိုင်း ၁၁ နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်၊ ဇေယျဝတီ(ဗဟိုလမ်း)ရှိ အထပ်မြင့်တိုက်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြုတ်ကျတာက (၇)လွှာက ပြုတ်ကျတာ။ တိုက်ခန်းရဲ့ နောက်ဖေးဘက်ကနေ ပြုတ်ကျတာပေါ့။ ယူဆရတာတော့ အရက်နည်းနည်းသောက်ထားပြီး ပြုတ်ကျတယ်လို့ ယူဆရပါတယ်။ ဖုန်းပြောရင်းပြုတ်ကျတာ မဟုတ်ဘူး။ ဖုန်းက သူ့အိပ်ယာပေါ်မှာ ကျန်ခဲ့တာ။ တိုက်ခန်းက ယောက်ျားလေးတွေချည်း စုပြီးငှားနေတဲ့အဆောင်တိုက်ခန်းပါ” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြုတ်ကျသေဆုံးသူမှာ အသက်(၂၁)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ကာ (၇)လွှာတိုက်၏ နောက်ဖေး ဝရံတာမှ ပြုတ်ကျကာ ပြင်းထန်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံသယရှိအတိုက်အခံများကြောင့် ရုရှားနယ်ခြားစစ်ဆေးမှုများ တင်းကျပ်လာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း