သံသယရှိအတိုက်အခံများကြောင့် ရုရှားနယ်ခြားစစ်ဆေးမှုများ တင်းကျပ်လာ
ALynn (NSS) - မတ် ၁၅
ရုရှားနယ်ခြားတာဝန်ရှိသူများက အခြားနိုင်ငံများမှ ပြန်လာသော ရုရှားနိုင်ငံသားများကို စစ်ဆန့် ကျင်ရေး လှုပ်ရှားမှု နှင့် အနောက်နိုင်ငံများနှင့်ဆက်စပ်နေမှုတို့ကို စိစစ်ခြင်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ မိမိတို့နိုင်ငံသို့ ပြန်လာသော ရုရှားနိုင်ငံသားများသည် ယူကရိန်းအဖွဲ့အစည်းများထံ လှူဒါန်းခြင်း၊ ယူကရိန်းစစ်ပွဲအပေါ် မှတ်ချက် ပေးခြင်း (သို့မဟုတ်) ၎င်းတို့၏ နိုင်ငံကူးလက်မှတ်တွင် သံသယဖြစ်ဖွယ် ဗီဇာဝင်ခြင်းများ ပြုလုပ်ခြင်းရှိ/မရှိ အတွက် စေ့စေ့စပ်စပ် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခံရသည်။
အချို့ကိစ္စများတွင် တရားစွဲဆိုခံရသည်အထိ အရေးယူခံရသည်။ နမူနာအားဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အက်စတိုးနီးယားနိုင်ငံမှ ရုရှားနိုင်ငံသို့ ဖြတ်ကျော်လာသော နာတာလီယာ (သူမ၏ အမည်ရင်းမဟုတ်) ၏ ပတ်စ်ပို့ကို နယ်ခြားအရာရှိတစ်ဦးက ကြည့်ရှုပြီး ဘောလ်တစ်နိုင်ငံများတွင် ကာလရှည်နေထိုင်ခွင့်အဖြစ် ပြောင်းလဲ နိုင်သည့် လတ်ဗီးယားနိုင်ငံသား D ဗီဇာ ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။
ထို့နောက် ရုရှားနိုင်ငံ၏ FSB ပြည်တွင်းထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးက နာတာလီယာအား အင်တာဗျူး ဖြေရန် အခန်းထဲသို့ခေါ်ပြီး သူမ၏ လတ်ဗီးယားဗီဇာနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်မေးမြန်းခဲ့ကာ ရုရှားက ယူကရိန်း အား တိုက်ခိုက်သည့် "အထူးစစ်ဆင်ရေး" နှင့်ပတ်သက်၍ သူမ၏ အမြင်ကို မေးမြန်းခဲ့သည်။ ထို့ပြင် FSB အေးဂျင့် သည် နာတာလီယာ၏ ဖုန်းကိုလည်း ယူကြည့်ခဲ့ပြီး သံသယဖြစ်စရာ မတွေ့ခဲ့ရသော်လည်း ၎င်းက သူမဆဲလ်ဖုန်း၏ IMEI နံပါတ်ကို ကူးယူခဲ့ကြောင်း အဆိုပါအမျိုးသမီးက DW သို့ ပြောကြားခဲ့သည်။
၎င်း IMEI ဂဏန်း ၁၅ လုံးသည် ကမ္ဘာတစ်ဝှမ်းရှိ ဖုန်းများကို ခွဲခြားသတ်မှတ်နိုင်ပါသည်။ နာတာလီယာ၏ ပြောကြား ချက်အရ စစ်ဆေးမေးမြန်းမှုသည် နာရီများစွာကြာမြင့်ခဲ့ပြီး ထိုဖြစ်ရပ်ပြီးနောက် သူမသည် ဘီလာရုစ်မှတစ်ဆင့် သာ ရုရှားနိုင်ငံသို့ဝင်ရောက်ခဲ့ကြောင်း ပြောခဲ့သည်။ သို့သော် ထိုသို့ဝင်ရောက်ရာတွင်မူ နယ်ခြားအရာရှိများက သူမ၏ EU ဗီဇာနှင့် ဖုန်းထဲရှိ အချက်အလက်များ ကိုစစ်ဆေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။
ရုရှားနယ်စပ်အာဏာပိုင်များသည် ၂၀၂၂ ခုနှစ်မှစ၍ နိုင်ငံတွင်း ဝင်ရောက်ခြင်းနှင့် ထွက်ခွာသူများကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်။ တစ်ဦးချင်းစီသည် ၎င်းတို့၏ အခြားနိုင်ငံသားဖြစ်မှု၊ အခြားနိုင်ငံအတွက် နေထိုင်ခွင့်လျှောက်ထားမှု (သို့မဟုတ်) အနောက်နိုင်ငံမှ ထုတ်ပေးသောဗီဇာများကြောင့် စစ်ဆေးခံခဲ့ရသည်။ အာဏာပိုင်များက မသင်္ကာစရာတစ်စုံတစ်ရာ တွေ့ရှိလျှင် (သို့မဟုတ်) လူမြင်ကွင်းတွင် စစ်ဆေးသည့်အရာရှိများ ကို ကျိန်ဆဲခြင်း၊ မနာခံခြင်းနှင့် အလားတူပြစ်မှုများ ကျူးလွန်ပါက ဖမ်းဆီးခြင်းခံရသည်။ အချို့အခြေအနေများ တွင် လူတစ်ဦးသည် ရုရှားနိုင်ငံသို့ ဖြတ်ကျော်ပြီး ရက်အနည်းငယ်အကြာတွင်လည်း ဖမ်းဆီးခြင်း ခံရနိုင်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း