ရန်ကုန်မြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကာ (၂)ဦးပွဲချင်းပြီး သေဆုံးခဲ့
သန့်ဇင် (NSS) - မတ် ၁၄
ရန်ကုန်တိုင်း၊ ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကာ (၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(မတ်လ ၁၃ ရက်)၊ ညနေ ၅နာရီ ၃၅ မိနစ်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်း၊ သိမ်ကျောင်း လမ်းဆုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာလဲဆိုတော့ ပရိုဘောက်က အဲဒီနားက နိုဗယ်ဟိုတယ်ကိုဝင်ဖို့လုပ်နေတာလို့ မျက်မြင်တွေကပြောတာပေါ့။ အဲဒီအချိန်မှာ မဝင်ခင် စက်ဘီးကိုအရင်တိုက်တယ် ။ ပြီးတော့ သေဆုံးသူအမျိုးသမီးနဲ့ ကလေးကလမ်းလျှောက်လာတာမှာ အဲဒီကားကပဲ နောက်က နေထပ်ပြီး ဝင်တိုက်တာ။ အမျိုးသမီးကတော့ နေရာမှာပဲပွဲချင်းပြီး ဆုံးသွားတယ်။ ပြီးတော့မှ ဆီဘောက်ဆာကိုဝင်တိုက်တာ” ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၄)နှစ်အရွယ် ဒေါ်တင်တင်ထွေးတွင် မျက်နှာနှင့် ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာများရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်းလူ(၃)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါအသင်းကပြောသည်။
အလားတူ အဆိုပါနေ့ ည ၁၀နာရီ ၈မိနစ်အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၌ ယာဉ်တိုက်မှု တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သိရသလောက်ကတော့ ကွန်တိန်နာက လမ်းပြောင်းပြန်မောင်းသလိုဖြစ်ပြီး တက္ကစီနဲ့ မျက်နှာချင်းဆိုင်တိုက်မိတဲ့ သဘောပါ။ အဲဒီမှာ တက္ကစီယာဉ်မောင်းက ကားခေါင်းထဲမှာ ညပ်နေပြီးတော့ ဆုံးသွားတာ”ဟု H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၃၈)နှစ်အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားသည်လည်း အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်များတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဒေသခံလူမှုကူညီရေးအသင်းများက မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ ဖူကူယာမမြို့မှာ အန္တရာယ်ရှိတဲ့ဓာတုဗေဒပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်ကန်ထဲ ပြုတ်ကျထားတဲ့ ကြောင်တစ်ကောင်ကြောင့် သတိပေးချက်များ ထုတ်ပြန်ထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း