ရုရှား၏ အဓိကလျှို့ဝှက်လက်နက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုဖြစ်ကြောင်း သမ္မတပူတင် ပြော
Pika (NSS) - မတ် ၁၃
အနောက်အုပ်စုနိုင်ငံများကို အနိုင်ယူနိုင်စေရန်အတွက် ကူညီပေးခဲ့သည့် ရုရှား၏ လျှို့ဝှက်လက်နက်မှာ အမျိုးသား စည်းလုံးညီညွတ်မှုဖြစ်ကြောင်း သမ္မတပူတင်က မတ်(၁၂)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
မျိုးဆက်သစ်ခေါင်းဆောင်များ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရ၏ကြိုးပမ်းမှုဖြစ်သော ရုရှားခေါင်းဆောင်များ ပြိုင်ပွဲတွင် အနိုင်ရရှိသူများ နှင့် အစိုးရတို့တွေ့ဆုံချိန်အတွင်း ပူတင်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပူတင် က "ကျွန်တော်တို့ရဲ့အရေးအကြီးဆုံးလက်နက်က ရုရှားလူ့အဖွဲ့အစည်းရဲ့ပေါင်းစည်းမှုနဲ့ မိခင် နိုင်ငံအပေါ်ထားရှိတဲ့သဘောထားပဲဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့အရေးအကြီးဆုံးနဲ့ အားအကောင်းဆုံး လက်နက်ပါ။ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကျွန်တော်တို့ကို ဖိအားပေးနိုင်ဖို့ မျှော်လင့်ခဲ့သူတွေဟာ အဲဒီ အချက်ကို ထည့်သွင်းစဉ်းစားတာမျိုး မရှိခဲ့ကြပါဘူး။ သူတို့က ရုရှားနိုင်ငံသားဖြစ်မှသာ ဒီလိုအချက်တွေကို နားလည်မှာပါ" ဟု ပြောခဲ့သည်။
ရုရှားခေါင်းဆောင်များ ပြိုင်ပွဲကို Land of Possibilities ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၁၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ၏ ရည်မှန်းချက်မှာ မျိုးဆက်သစ်စီးပွားရေး နှင့် အစိုးရ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၏ ငါးကြိမ်မြောက်ရာသီတွင် အနိုင်ရရှိခဲ့သူများသည် ၎င်းတို့၏ဆုများကို ပြီးခဲ့သည့်လတွင် မော်စကိုမြို့မှာ လက်ခံရရှိခဲ့ကြောင်းလည်း သိရသည်။ အနိုင်ရရှိသူများထဲတွင် ရုရှား၏ ဒေသ(၃၁)ခုမှ ခေါင်းဆောင် (၁၀၂) ဦးအပြင် ဘယ်လ်ဂျီယံနှင့်ဆာဘီးယားနိုင်ငံတို့မှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိ အလုပ်ကို ပြီးဆုံးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ထပ်မံကတိပြု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း