အိန္ဒိယက ရွေးကောက်ပွဲမတိုင်မီ မွတ်ဆလင်ဆန့်ကျင်သည့် ၂၀၁၉ နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်း
ALynn (NSS) - မတ် ၁၂
ဝန်ကြီးချုပ် Narendra Modi သည် ၎င်း၏ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရအတွက် ရှားရှားပါးပါး တတိယ သက်တမ်းကို မရယူမီ ရက်သတ္တပတ်များအတွင်း နိုင်ငံသားဖြစ်မှုဆိုင်ရာပြင်ဆင်မှုအက်ဥပဒေ (CAA) ကို အကောင်အထည်ဖော်ရန် စည်းမျဉ်းများ ထုတ်ပြန်ကြေညာခဲ့သည်။
မိုဒီအစိုးရက ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အငြင်းပွားဖွယ်ဥပဒေအရ အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များမှ မွတ်ဆလင်မဟုတ်သော ဒုက္ခသည်များအတွက် အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ မွတ်ဆလင်အများစုနေထိုင်သည့် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေရှ့် နှင့် ပါကစ္စတန်တို့မှ ပြောင်းရွှေ့လာသော ဟိန္ဒူ၊ ဖာရစီ၊ ဆစ်ခ်၊ ဂျိန်းနှင့် ခရစ်ယာန်လူမျိုးများကို အိန္ဒိယက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့သည်။ အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ၎င်းဥပဒေသည် မွတ်ဆလင်ဆန့်ကျင်ရေးကို ဦးတည်နေပြီး ဒီမိုကရေစီ စနစ် ထွန်းကားသောနိုင်ငံကြီးတွင် ဘာသာရေးကိုအခြေခံသည့် နိုင်ငံရေးသွင်ပြင်လက္ခဏာများက မေးခွန်း ထုတ်စရာဖြစ်နေသည်။
၂ဝ၁၉ ဥပဒေအပေါ် နိုင်ငံနှင့်အဝှမ်းဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ထိုအချိန်က မိုဒီအစိုးရသည် ဥပဒေအတွက် စည်းမျဉ်းများရေးဆွဲချမှတ်ခြင်းကို မပြုလုပ်ခဲ့ပါ။ မတ်လ ၁၁ ရက် (တနင်္လာနေ့) တွင်မူ အစိုးရပြောရေးဆိုခွင့်ရှိ သူက “မိုဒီအစိုးရသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ ပြင်ဆင်မှုအက်ဥပဒေကို အကောင်အထည်ဖော်ဖို့ ကြေညာလိုက်ပြီ ဖြစ်ကြောင်း” Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ မွတ်ဆလင်အုပ်စုများက ၎င်းဥပဒေသည် နိုင်ငံသား မှတ်ပုံတင်ခြင်း (NRC) မှာပါ ခွဲခြားဆက်ဆံခံရနိုင်ကြောင်းနှင့် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် စာရွက်စာတမ်း အထောက်အထားမဲ့သောမွတ်ဆလင်နိုင်ငံသားများအား နိုင်ငံသားအဖြစ်မှဖယ်ရှားခံရနိုင်ချေရှိကြောင်း စိုးရိမ် ကြောင့်ကြနေကြသည်။
အစိုးရက ၎င်းဥပဒေသည် မွတ်ဆလင်ဆန့်ကျင်ရေးအတွက် မဟုတ်ကြောင်း၊ မွတ်ဆလင်အများစုနေထိုင်သည့် ပြည်နယ်များတွင် ကြုံတွေ့နေရသော လူနည်းစုများကို အကူအညီပေးရန်အတွက်သာ ရည်ရွယ်ကြောင်း ပြောကြား ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ မိုဒီ အုပ်ချုပ် ချိန်မှစ၍ မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံလျက်ရှိကြောင်း လူအခွင့်အရေး လှုပ်ရှားသူများက စွပ်စွဲနေကြသည်။
မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကား အစီရင်ခံစာများအရ နိုင်ငံတွင်း၌ ပျမ်းမျှအားဖြင့် ၂၀၂၃ ခုနှစ်တွင် တစ်ရက် လျှင် မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားနှင့် ပတ်သက်သည့်အမှု နှစ်ကြိမ်နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ BJP အုပ်ချုပ်သော ပြည်နယ်များတွင် အမုန်းစကားကြောင့် ခိုက်ရန်ဖြစ်ပွားမှု လေးကြိမ်မှ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တွင် အစ္စရေးထောက်ခံသည့်လော်ဘီအုပ်စုကို ဆန့်ကျင်သော “Reject AIPAC” ညွန့်ပေါင်းကို ဖွဲ့စည်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ