သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု မလေးရှားရှိ မြန်မာသံရုံးကြေညာ
Pearl (NSS) - မတ် ၁၂
သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယနေ့ (မတ်လ ၁၂ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ အသစ်လျှောက်ထား ခြင်း၊ အသစ်ထုတ်ပေးခြင်းများကို Online မှ QR code ရက်ချိန်းရယူသည့်စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း မြန်မာသံရုံးက ဆိုသည်။
လက်ရှိတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) လျှောက်ထားကြသည့် မြန်မာနိုင်ငံသား များအား C of I (အခမဲ့) နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး လိုအပ်သည့်စိစစ်မှုလုပ်ငန်းများ အဆင်ပြေစေရန် နှင့် ရုံးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် C of I လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code ရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
C of I လျှောက်ထားသူများအနေဖြင့် www.mekl.org တွင် အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရမည်ဖြစ်ပြီး ဝန်ဆောင်မှုရွေးချယ်ရာတွင် "Certificate of Identity လျှောက်ထားခြင်း” ကို ရွေးချယ်ရမည်ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
မြန်မာသံရုံးသို့ လာရောက်ရမည့် နေ့ရက်ကို လျှောက်ထားသူများ၏ Email သို့ ပြန်လည်အကြောင်းကြားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက လည်း မြန်မာသံရုံး၏ whatsApp no. +60 11 2510 5774 သို့ စာဖြင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံတွင် ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှု(၂)ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၂)ဦး သေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း