အောင်သပြေစခန်းကုန်းကို AA ပူးပေါင်းအဖွဲ့ အင်အားအလုံးအရင်းဖြင့် ဝင်တိုက်၍ လုံခြုံရေးအဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာခဲ့ရ
မြူနစ် (NSS) - မတ် ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အောင်သပြေစခန်းကုန်းကို AA ပူးပေါင်းအဖွဲ့က အင်အားလုံးအရင်းဖြင့် ဝင်တိုက်၍ လုံခြုံရေးအဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။
AA ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက်အစောပိုင်းတွင် အောင်သပြေစခန်းကုန်းကို အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မိသားစုဝင်တွေက NP News ကို ပြောသည်။
“မောင်တောမြို့နယ်၊ ဘင်္ဂလားနယ်စပ်နဲ့ မြန်မာနယ်စပ်မှာရှိတဲ့ စခန်းပေါ့ အောင်သပြေစခန်းကုန်းပေါ့။ အဲဒီစခန်း ကုန်းမှာ AA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ်။ အင်အားက မမျှတော့ ဘင်္ဂလားနယ်စပ်ကို တပ်ရင်းမှူးအပါအဝင် အားလုံးပေါ့ ဒီမနက်မှာ ဆုတ်ခွာသွားလိုက်ရတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအထက်လူကြီးများအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားသည့်လုံခြုံရေးအဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူပေးစေလိုကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည့် လုံခြုံရေးအဖွဲ့ဝင်များ၏ အရေအတွက်ကို လတ်တလော တွင် NP News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ၎င်း၏ မဟာမိတ်များနှင့်ပူးပေါင်းကာ ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှစတင်ကာ ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် မြို့အချို့ကိုလည်း AA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားသည်။
အဆိုပါတိုက်ပွဲကာလအတွင်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများသည်လည်း AA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရမှုများရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော လုခြုံရေး အဖွဲ့ဝင်များလည်း ရှိနေသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းအထိ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာထွက်ပြေးလာသည့် လုံခြုံရေးအဖွဲ့ဝင်ပေါင်း (၃၀၀) ကျော်ရှိပြီး ၎င်းတို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က နစကထံ ပြန်လည်လွှဲပြောင်းပေးခဲ့မှုများရှိကြောင်း သိရ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်၌ မြေစာကန်ပြိုကျမှုကြောင့် ကနဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး လူ(၂၅)ဦးထက်မနည်း ပျောက်ဆုံးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း